BEC-TERO TV

အကြွေးနစ်နေတဲ့ ငါးစိမ်းသည်ဘဝကနေ ဘီလျံနာဖြစ်လာသူ Daiso သူဋ္ဌေး’ဟီရိုတာကဲယာနို’

17 Jul 2017     1,264 Views


ဂျပန်ပစ္စည်းစစ်စစ်တွေကို တစ်ဆိုင်လုံး ကြိုက်ရာယူ ပုံသေဈေးနှုန်း တစ်ခုထဲနဲ့ ရောင်းချလို့ “Daiso”(ဒိုင်ဆို) ဆိုတဲ့ဆိုင်ဟာ လူသိများတဲ့ စတိုးဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအနှံ့မှာ ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်ထားတဲ့ Daiso ဟာ မြန်မာနိုင်ငံမှာ ဖွင့်လှစ်မိတ်ဆက်ခဲ့တာ သိပ်မကြာသေးပါဘူး။


ဆိုင်ထဲမှာရှိတဲ့ ပစ္စည်းအားလုံးကို တစ်ခုလျှင် မြန်မာငွေ ၁၈ဝဝ ကျပ် ပတ်ဝန်းကျင်နဲ့ ရောင်းချလို့ ဒိုင်ဆို(Daiso)ဆိုင်တွေဟာ လူကြိုက်များပါတယ်။ ဈေးနှုန်းနဲ့ပက်သက်ပြီး ခေါင်းရှုပ်ခံစရာမလိုပဲ သက်သက်သာသာနဲ့ ကြိုက်ရာကိုရွေးချယ် ဝယ်ယူနိုင်တာက Daiso ရဲ့ အားသာချက်ဖြစ်ပါတယ်။
ကမ္ဘာအနှံ့က Dasio ဆိုင်တွေရဲ့ ရောင်းအားကြောင့် အခုဆိုရင် Daiso ဆိုင်တွေကို စတင်ထူထောင်ခဲ့သူ “ဟီရိုတာကီ ရာနို” ဟာ အခုဆိုရင် ကမ္ဘာ့သန်းကြွယ်သူဋ္ဌေးတစ်ဦး စာရင်းဝင်ဖြစ်လာပါပြီ။

Daiso ကို မစတင်မီ “ဟီရိုတာကီ ရာနို” ဟာ အရှုံးပေါ်အကြွေပင်လယ်ဝေနေတဲ့ ငါးစိမ်းသည်တစ်ဦး ဖြစ်ပါတယ်။ သူဟာ အောက်ခြေဘဝကနေ  ကြိုးစားရုန်းကန်လာသူဖြစ်တဲ့အတွက် အောက်ခြေလူတန်းစားတွေအတွက် လေးထားကာ ဈေးတစ်သမတ်တည်းနဲ့ များများရွေးချယ် ဝယ်ယူနိုင်အောင် စီစဉ်ထားတာဖြစ်ပါတယ်။

ဒိုင်ဆိုဆန်ဂျိုကော်ပိုရေးရှင်းကို ထူထောင်ပြီး ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဟီရိုတာကဲယာနိုဟာ ကြိုက်တာယူယန်း ၁ဝဝ နဲ့ ကုန်ပစ္စည်းမျိုးစုံကိုရောင်းချတဲ့ ဂျပန်ရဲ့ပထမဆုံး စွန့်ဦးတီထွင်လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်။ သူဟာ အဲသည်မဟာဗျူဟာကြောင့် Bloonberg  (ဘလွန်းဘတ်)ရဲ့ ဘီလျံနာစာရင်းမှာ ဒေါ်လာ ၁.၉ ဘီလျံချမ်း သာကြွယ်ဝသူဖြစ်နေပါပြီ။

သူလုပ်ငန်းလုပ်တဲ့အချိန်က အချိန်ကိုက်ပဲ” လို့ OC&C မဟာဗျူဟာသုတေသနလုပ်ငန်းက ‘ပါစကယ် မာတင်’က ပြောပါတယ်။
ပထမဆုံး ယန်း ၁ဝဝ ဆိုင်ကို ၁၉၉၁ မှာ စဖွင့်ချိန်ဟာ ဂျပန်စီးပွားရေးပူဖောင်း ပေါက်ကွဲပြီး နှစ်နှစ်ကြာတဲ့အချိန်၊ ဂျပန်စားသုံးသူဓလေ့ ကြီးကြီးမားမား စတင်ပြောင်းလဲနေတဲ့အချိန်ဖြစ်ပါတယ်

“ယာနို”ရဲ့ စွန့်ဦးတီထွင်လုပ်ငန်းဟာ အလုပ်မျိုးစုံနဲ့ စတင်ခဲ့ပါတယ်။ တိုကျိုမြို့ ချူးအိုတက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် သူဟာ အလုပ်မျိုးစုံလုပ်ခဲ့ပြီး သူ့ယောက္ခမရဲ့ ငါးရောင်းချတဲ့လုပ်ငန်းကို ဒေဝါလီခံတဲ့အထိ လုပ်ခဲ့တယ်လို့ ဒိုင်ဆိုဝက်ဘ်ဆိုက်မှာ ရေးထားပါတယ်။ သူဟာ ၁၉၇၂ မှာ ကုန်ကားတစ်စီးနောက်မှာ ပစ္စည်းတွေတင်ရောင်းပြီးတဲ့နောက် ပစ္စည်းအားလုံးကို ယန်း ၁ဝဝ နဲ့ရောင်းဖို့ အကြံပေါ်လာပါတယ်။ အကြောင်းကတော့ ပစ္စည်းတစ်ခုစီကို ဈေးနှုန်းတစ်မျိုးစီ လိုက်ကပ်ရင် အချိန်ကုန်တဲ့အတွက်ပါပဲ။

သူဟာ ၁၉၇၇ မှာ ဒိုင်ဆိုကို ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။ ဒိုင်ဆိုရဲ့အဓိပ္ပာယ်က ကြီးမားတဲ့အရာတစ်ခုကို ဖန်တီးခြင်းဖြစ်ပါတယ်။ သည်အချိန် ဂျပန်စီးပွားရေးမှာ လုပ်အားခကမတက်၊ စီးပွားရေးကမကောင်းတဲ့အတွက် ပြောင်းလဲမှုတွေဖြစ်နေပြီး ဂျပန်တွေဟာ သူတို့ပိုက်ဆံပေးရတာနဲ့ တန်တဲ့အရာတွေကို ရှာဖွေလာကြပါတယ်။

အဲဒါ ကြောင့်ပဲ ဂျပန်မှာ ဒစ်စကောင့်နဲ့ ပစ္စည်းတွေရောင်းချတဲ့လုပ်ငန်း ခေတ်စားလာပြီး ကြိုက်တာယူ ယန်း ဘယ်လောက်ဆိုတဲ့ဆိုင်တွေဟာ စုစုပေါင်း တစ်နှစ်ကို ယန်းဘီလျံ ၆ဝဝ ကျော် မြတ်စွန်းနေတယ်လို့ ၂ဝ၁၆ မတ်လမှာလုပ်တဲ့ အစီရင်ခံစာတစ်ခုမှာ တွေ့ရပါတယ်။

ဒစ်စကောင့်စတိုးဆိုင်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ဒိုင်ဆိုဟာ ပြည်တွင်းမှာ စတိုးဆိုင်ပေါင်း ၃၁၅ဝ ကျော်ဖွင့်ထားပြီး ပြည်ပမှာ ၁၈ဝဝ ကျော်ဖွင့်ထားပါတယ်။ ပစ္စည်းအမျိုးပေါင်း ၇ဝ,ဝဝဝ ကျော်ရောင်း ချတဲ့အထဲမှာ ဈေးတန်တန်နဲ့ ဂျပန်အိတ်တွေ၊ တိရတ္ထန်လေးတွေကို ဝတ်ပေးရတဲ့အဝတ်အစားတွေ၊ အိမ်သုံးပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။

လက်တင်အမေရိက ကနေ ပင်လယ်ကွေ့နိုင်ငံတွေအပြင် အာရှ နိုင်ငံအသီးသီးတွေမှာလည်း ဒိုင်ဆိုဆိုင်တွေရှိနေပါတယ်။ ယာနိုက သူသည်လိုအောင်မြင်ရတာဟာ ကုန်ပစ္စည်းတွေရွေးရာမှာ လာဘ်မြင်တာကြောင့်လို့ ပြောပါတယ်။
ဒိုင်ဆိုဟာ အရည်အသွေးမြင့်ကုန်ပစ္စည်းတွေနဲ့ တစ်မူထူးခြားတဲ့ မရှိမဖြစ်ပစ္စည်းတွေကို ယန်း ၁ဝဝ နဲ့ပဲရောင်းချပါတယ်။ သူ့ကုမ္ပဏီရဲ့ အဝယ်တော်တွေဟာ ကုန်ပစ္စည်းများများယူပြီး ဈေးသက်သက်သာသာနဲ့ရအောင် ကုန်ထုတ်လုပ်သူတွေနဲ့ တိုက်ရိုက်ညှိနှိုင်းကြပါတယ်။

ဒီမဟာဗျူဟာဟာ ကမ္ဘာ့မှာ အကြီးဆုံးဈေးဆိုင်ကြီး ဝေါလ်မတ်ရဲ့ ဗျူဟာနဲ့ဆင်တူပါတယ်။ ဂျပန်စီးပွားရေးက အခုအချိန်မှာ ပြန်တက်လာပြီ ဆိုပေမယ့် ပေါ့ချောင်ကောင်းကို လိုချင်ကြတဲ့ဆန္ဒဟာ စားသုံးသူတွေရဲ့ စိတ်ထဲမှာ စွဲမြဲနေတုန်းပါပဲ။

"ဂျပန်ပြည်သူတွေက ဒီခေတ်မှာ ပိုခွေချွတာစုဆောင်းချင်ကြတယ်” လို့ နိမူရာလေ့လာဆန်းစစ်ရေးလုပ်ငန်းရဲ့ နာရီကီယိုက ပြောပါတယ်။ "သူတို့က ပြီးခဲ့တဲ့နှစ်၂ဝ အတွင်း တည်ဆောက်ခဲ့တဲ့ ချွေတာရေးအကျင့် တွေကို မဖျောက်ဖျက်ကြဘူး"။ အလားတူပဲ အမေရိကန်ကို ဒိုင်ဆို ခြေချတဲ့အချိန်ဟာ ၂ဝဝ၇-၂ဝဝ၈ ငွေကြေးအကြပ်ရိုက်မှုနဲ့ဆက်စပ် စီးပွားပျက်တို့နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါပေမဲ့ ဒိုင်ဆိုရဲ့ အောင်မြင်မှုက အများတတ်နိုင်တဲ့ ဈေးနှုန်းတစ် ခုတည်းကြောင့် မဟုတ်ပါဘူး။

ဒိုင်ဆိုစတိုးဆိုင်တွေမှာ ဝယ်ရတာက ဈေးနှုန်းအပြောင်းအလဲ တစ်ချိန်လုံးဖြစ်နေတာကို ငြီးငွေ့နေတဲ့ ဈေးဝယ်သူရဲ့ စိတ်ထဲမှာ ထူးခြားမှုကိုဖြစ်စေတယ်"လို့ ကန်တာလုပ်ငန်းက လေ့လာသုံးသပ်သူ ဆာရာအယ်လ်တူခါဟင်က ပြောပါတယ်။ သည်အချိန်မှာ ယာနိကတော့ သူ့ကိုယ်သူ ဦးနှောက်အတွေးအခေါ်မြင့်မားတဲ့ ဒါမှမဟုတ် ခေတ်မီတီ ထွင်ဆန်းသစ်တဲ့ မန်နေဂျာတစ်ယောက်မဟုတ်ဘူးလို့ ပြောပါတယ်။ သူ့စိတ်ထဲကခံစားချက်နဲ့ ဆုံးဖြတ်ချက် အများစုကို ချမှတ်တာပါလို့ ဆိုပါတယ်။

"ကျွန်တော်မှာ အမြော်အမြင်တွေ၊ မဟာဗျူဟာတွေမရှိပါဘူး၊ ကျွန်တော်က ဟိုဟိုဒီဒီ စမ်းသပ်ကြည့်ရတာကို သဘောကျရုံသက်သက်ပါ”။

သတင်းရင်းမြစ်-မော်ဒန်
 


17 Jul 2017     1,264 Views




RELATED

Most Popular of Special or Others

Most Popular of NEWS