BEC-TERO TV

လာမည့် သြဂုတ်လအတွင်း ကျိုက်ထီးရိုးဘုရားရင်ပြင်ကို အပူခံကျောက်ပြား လဲလှယ်သွားမည်

17 Jul 2017     1,217 Views


ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ရှိ ကျောက်ပြားအားလုံးကို လာမယ့် သြဂုတ်လအတွင်း အပူခံကျောက်ပြားတွေ လဲလှယ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ လက်ရှိ ကျိုက်ထီးရိုးဘုရားရင်ပြင်တော်မှာခင်းထားတဲ့ကျောက်ပြားတွေဟာ အပူဒဏ်ခံနိုင်မှုမရှိတာကြောင့် ဘုရားဖူးပြည်သူတွေအနေနဲ့အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ ဒါ့ကြောင့် ကျိုက်ထီးရိုးဂေါပကအဖွဲ့က ဘုရားဖူးတွေသွားလာရ အဆင်ပြေစေဖို့အတွက် အပူဒဏ်ခံ ကျောက်ပြားတွေကို လဲလှယ်ရတာဖြစ်တယ်လို့သိရပါတယ်။

အခုလို အပူခံကျောက်ပြားလဲလှယ်ရာမှာ ကျိုက်ထီးရိုးရင်ပြင်တော်အပြင် ဘေးပတ်လမ်းနဲ့ ခြသေ့င်္နှစ်ကောင်မှရင်ပြင်တော်ပေါ်တက်တဲ့လမ်းကိုလည်း အပူခံကျောက်ပြား လဲလှယ်သွားဖို့ ရှိတယ်လို့သိရပါတယ်။မြို့နယ်အင်ဂျင်နီယာတွေကတော့ (၁၀)ပေပတ်လည် ကျင်း(၉၀၀)နီးပါးရှိပြီး တစ်ပေပတ်လည်ကျောက်ပြားအရေအတွက်(တစ်သိန်း)၀န်းကျင် လောက် အသုံးပြုရမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။


17 Jul 2017     1,217 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS