BEC-TERO TV

ကိုယ်လုံးတီးပုံတွေအွန်လိုင်းပေါ်တင်တဲ့မိန်းကလေးကို ကာယကံရှင်ဆယ်ကျော်သက်မိန်းကလေးများကရိုက်နှက်

17 Jul 2017     2,574 Views


သူငယ်ချင်းမိန်းကေလးတွေရဲ့ကိုယ်လုံးတီးအ၀တ်မဲ့ပုံတွေကို လူမှုကွန်ရက်မှာ ကာယာကံရှင် ခွင့်ပြုချက်မရှိဘဲ တင်ခဲ့လို အတင်ခံရတဲ့မိန်းကလေးသူငယ်ချင်းတွေကတင်လိုက်သူမိန်းကလေးကိုညှာတာမှုမရှိဘဲရိုက်နှက်မှုတစ်ခုမလေးရှားမှာဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

ဖြစ်ပွားရာနေရာကတော့မလေးရှားနိုင်ငံ၊JohorBaruမြို့ကရှော့ပင်းမောလ်တစ်ခုမှာဖြစ်ခဲ့တာပါ။အခြားသတင်းတစ်ရပ်မှာတော့ ရိုက်နှက်ခဲ့ကြသူတွေဟာ ယခင်ကလည်း ဒီကောင်မလေးကို ၀ိုင်းဝန်းအနိုင်ကျင့်လေ့ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါအ၀တ်မဲ့ပုံတွေကဘယ်ကဘယ်လိုရပြီးဘယ်လိုဘယ်အချိန်မှာတင်လိုက်သလဲဆိုတာကတော့သတင်းမှာမဖော်ပြထားပေမယ့် ပုံတွေမှာတော့အတော်လေးအခြေအနေဆိုးရွားပုံကိုဖော်ပြနေပါတယ်။အ၀တ်မဲ့ပုံတွေကိုတော့Weiboလူမှုကွန်ရက်မှာတင်ခဲ့တာပါ။

အချို့ကတော့အ၀တ်မဲ့ပုံတွေကိုသိမ်းဆည်းနိုင်တဲ့အချိန်အနည်းငယ်လောက်ရခဲ့ပေမယ့်ပုံတွေကိုတော့ဖျက်ခဲ့နိုင်လားဆိုတာကို သတင်းမှာမဖော်ပြထားပါဘူး။ သတိပြုဖို့ကတော့ လူမှုကွန်ရက်ဆိုတာ “တန်ရင်ဆေး..မတန်ရင်ဘေး”ပါပဲ။


17 Jul 2017     2,574 Views




RELATED

Most Popular of Special or Others

Most Popular of NEWS