BEC-TERO TV

မိန်းကလေး(၈)ယောက်မှာ (၁)ယောက်က ရင်သားကင်ဆာဖြစ်ပွားနိုင်

17 Jul 2017     1,225 Views


မိန်းကလေး(၈)ယောက်မှာ (၁)ယောက်နှုန်းက ရင်သားကင်ဆာဖြစ်ပွားနိုင်တယ်လို့  ဇူလိုင်လ(၁၃)ရက် သူနာပြုတက္ကသိုလ်မှာ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းက ဦးစီးပြုလုပ်တဲ့ ရင်သားကင်ဆာအကြောင်း ဆွေးနွေးပွဲမှသိရပါတယ်။ ဆွေးနွေးပွဲမှာ ပြည်သူတွေအနေနဲ့ရင်သားကင်ဆာနဲ့ပတ်သက်ပြီး အသိပညာတွေနဲ့ ရင်သားကင်ဆာအကြောင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ရင်သားကင်ဆာဟာ မျိုးရိုးဗီဇ၊ အ၀လွန်သူတွေနဲ့  အသင့်စား အစားအသောက်တွေစားသုံးသူတွေမှာ အဖြစ်များတယ်လို့လည်း သိရပါတယ်။

ရင်သားကင်ဆာဖြစ်ပွားပါက ကင်ဆာဆေးသောက်သုံးတာတွေ၊ ဓါတ်ရောင်ခြည် ကုသမှုတွေနဲ့ကင်ဆာဆေးထိုးတာတွေနဲ့ကုသပေးလျက်ရှိပြီး ရင်သားကင်ဆာထပ်မံမဖြစ်ပွားအောင် တော့ အားကစားလုပ်ပေးခြင်းနဲ့ ကြာရှည်ခံပြုလုပ်ထားတဲ့ အစားအသောက်တွေ စားသုံးတာတွေကို ရှောင်ကြဉ်ရမှာဖြစ်တယ်လို့သိရပါတယ်။

မိန်းကလေးတွေအနေနဲ့ ရင်သားကင်ဆာမဖြစ်ပွားအောင် တစ်လတစ်ခါ စစ်ဆေး ပေးသင့်ပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်သင့်တယ်လို့ပြောပါတယ်။(၂၀၁၅)ခုနှစ်မှာ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းက အများဆုံးဖြစ်ခဲ့ပြီး (၂၀၁၆)ခုနှစ်မှာတော့ ကင်ဆာရောဂါများဖြစ်ပွားမှုများထဲမှာ ရင်သားကင်ဆာဟာ ဖြစ်ပွားမှုအများဆုံး တတိယနေရာမှာရှိတယ်လို့ ရန်ကုန်ဆေးရုံကြီးရှိ ကင်ဆာရောဂါစစ်တမ်းများအရ သိရပါတယ်။


17 Jul 2017     1,225 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS