BEC-TERO TV

လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာရှိ အမှတ်(၁၂)အခြေခံပညာ အလယ်တန်း ကျောင်းခွဲမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေး

20 Jul 2017     1,234 Views


လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာရှိ အမှတ်(၁၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ မှ(၁၀)နှစ်နဲ့အထက်ကလေးများကို အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီး ဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ဇူလိုင်လ(၁၇)ရက်ကနိုင်ငံသားစိ စစ်ရေးကဒ်ပြားပြုလုပ်ပေးခဲ့ပါတယ်။အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ရက်(၁၀၀) သစ္စာစီမံချက်ထဲမှာပါဝင်တဲ့ အခြေခံပညာ ကျောင်းတွေက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးတဲ့ ကလေးတွေကို ဇူလိုင်လ(၁)ရက်ကစပြီး ကွင်းဆင်းဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းတွေက အထက်တန်းနဲ့အလယ်တန်းကျောင်း(၅၇)ကျောင်းကို ယခုစာသင်နှစ်အတွင်း ကွင်းဆင်းဆောင်ရွက် သွားမှာဖြစ်ပြီး အခုပြုလုပ်ပေးနေတဲ့ ကျောင်းအပါအ၀င်အခုလက်ရှိ ကျောင်း(၁၁)ကျောင်း ကိုနိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ကျောင်းကဆရာ၊ဆရာမတွေအနေနဲ့ အခုလိုကလေးတွေကို နိုင်ငံသားစိစစ်ရေး ကတ်ပြား လုပ်ဆောင်ပေးနေချိန်မှာ စာသင်ချိန်မပျက်ဖို့အတွက် ပုံစံဖြည့်တာတွေ အပါအ၀င်၊ဓါတ်ပုံရိုက်ခြင်း၊သွေးစစ်ခြင်းနဲ့လိုအပ်တဲ့စာရွက်စာတန်းတွေ ကြိုတင်ပြင်ဆင်ထား တယ်လို့သိရပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်ဆောင်တဲ့အထဲမှာမွေးစာရင်းမရှိတဲ့ကလေးတွေနဲ့ အိမ်ထောင်စုစာရင်းထဲကိုမပါဝင်သေးတဲ့ကလေးတွေပါဝင်တယ်လို့သိရပါတယ်။ ဒီလို ကလေးတွေကို သက်ဆိုင်ရာဌာနတွေမှာလိုအပ်တာတွေလုပ်ဆောင်စေပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ပေးတာကြောင့် ကလေးတွေအနေနဲ့ လွယ်ကူအဆင်ပြေတယ်လို့သိရပါတယ်။အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက အခုပြုလုပ်ပေးတဲ့ကျောင်းအပါအ၀င်း ကျောင်း (၁၁)ကျောင်း မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၀၀) နီးပါးပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။


20 Jul 2017     1,234 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS