BEC-TERO TV

ချစ်သူသာကောမန့်တွေကိုမြန်မာလိုဖတ်တတ်ရင် သမီးရှက်လို့သေလိမ့်မယ်လို့ပြောလာတဲ့ ရှာရှာ

01 Aug 2017     1,789 Views


နိုင်ငံခြားသားတစ်ယောက်နဲ့ ချစ်သူဖြစ်နေပြီလို့ ကြော်ငြာပြီးထဲက ပက်ထရစ်ရှာဟာ ဝေဖန်မှုမျိုးစုံကို ခံနေရပါတယ်။ဝေဖန်ကဲ့ရဲ့ရှုတ်ချနေတဲ့သူတွေကလဲ ပက်ထရစ်ရှာဆိုတာကိုသေချာမသိပဲမင်းသမီးတစ်ယောက်အနေနဲ့သာ သိထားတဲ့လူတွေများပါတယ် ။ဝေဖန်နေသူတွေက ချစ်သူဟာ နိုင်ငံခြားသားလို့ပဲသိထားကြတာပါ သူဘယ်လောက်ယဉ်ကျေးတယ် ဘယ်လောက်ထိ သမီးအပေါ်ကောင်းလဲ ဘယ်လောက် စည်းစောင့်သလဲဆိုတာနဲ့ စိတ်ဓာတ်ကိုမသိကြဘူး ။ ကာယကံရှင်ဖြစ်တဲ့ သမီးတို့ပဲသိကြတယ်။ မသိတဲ့သူတွေကသာ ဝေဖန်ကဲ့ရဲ့ကြတာပါ ။ တချို့ဆို ရိုင်းရိုင်းစိုင်းစိုင်း ဆဲထားကြတယ် ။ ချစ်တဲ့ ပရိတ်သတ်ဆို ဒီလို မပြောဘူး။ ပရိတ်သတ် အစစ်က သမီးအပေါ်ဒီလိုမမြင်ပါဘူး ။အနုပညာသက်သက်ခံစားမှုသက်သက်ထားကြမှာပါ ။

ချစ်လို့စိတ်ပူပေးကြတဲ့ ပရိတ်သတ်တွေကိုတော့ တအားကျေးဇူးတင်ပါတယ်။ တချို့က ညစ်ညစ်ညမ်းညမ်းစကားလုံးတွေသုံးတယ် ။အနုပညာရှင်တိုင်းကို မိုက်မိုက်ရိုင်းရိုင်း အပြစ်လိုက်ပြောနေတဲ့ အုပ်စုသက်သက်ကိုရှိတယ် ။ဘယ်အနုပညာသမားကိုမှ အားအပေးဘူး အပြစ်ထိုင်ပြောနေတဲ့ သူတွေ ကိုယ်ကပြန်ပြောရင် ပရိတ်သတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှောင်ကြတယ် ။ဝေဖန်တာနဲ့ အပြစ်ပြောတာက တူမှမတူတာလေ ။

ချစ်သူက နိုင်ငံခြားသားဆိုပေမယ့် မြန်မာယောက်င်္ကျားလေးတချို့ မလုပ်ပေးနိုင်တဲ့ချစ်သူကို ဖိနပ်စီးပေးတာတွေ ၊ လက်ကိုင်အိတ်ကိုင်ပေးတာတွေ အစသစ္စာရှိမှု ၊ ဂရုစိုက်မှုတွေထားပေးတယ် ။တခြားမိန်းကလေးတွေကိုလည်း စည်းစောင့်တယ် နိုင်ငံခြားသားဖြစ်ပေမယ့် သမီးအပေါ် ကိုလည်း စည်းစောင့်တယ် မေမေ အမြဲပါလို့လဲ မငြိုငြင်ဘူး ။

ဒီနိုင်ငံက ပွဲတစ်ပွဲမှာပဲ စတွေ့ခဲ့ပြီး ငါးနှစ်ကျော်လဲ ကွာတာကြောင့် စပွန်ဆာထားတယ်လို့ ဝေဖန်ကြတယ် ။ သူ့ကိုပြောပြတော့ ရယ်တယ် လူပျို အပျိုတွေ ချစ်လို့ ၀ယ်ပေးကြတာ စပွန်ဆာအမ်းတယ်လို့မှ မဟုတ်တာလို့ ပြန်ပြောခဲ့တယ် ။

ဝါဆိုသင်္ကန်းကပ်တဲ့ နေ့က မထင်မှတ်ပဲ လိုက်လာပြီး ပုံလေးတွေရိုက်ဖြစ်သွားတယ် လှလို့တင်ဖြစ်သွားတယ် ။ မြန်မာနိုင်ငံကလူတွေရဲ့ မကောင်းတဲ့ တချက်ကလူမျိုးဘာသာတအားခွဲခြားတယ် ။ ပုံအောက်မှာပေးထားတဲ့ ကောမန့်တချို့တွေသူသာဖတ်တတ်ရင် သမီးရှက်ပြီး သေလိမ့်မယ် ။ သူမေးတော့ ကောင်းတာပါသလို ဆိုးတာတွေလဲ ပါတယ်လို့ပဲ ပြန်ဖြေဖြစ်တယ် ။

ဘ၀လက်တွဲဖော်အဖြစ်တော့ လိုပါသေးတယ် ။ ကိုယ့် အပေါ်ကောင်းတဲ့သူတွေ့လို့တွဲဖြစ်တဲ့ သဘောပါ ။ ရေရှည်အတွက်ကြည့်အုံးမယ် ။ချစ်သူကိုတစ်ယောက်ထဲ ထားပြီး အဲ့ဒိ ချစ်သူနဲ့ပဲ ညားချင်တာပေါ့ ။ အခြေအနေ အကြောင်းအရာနဲ့ ကံကြမ္မာက ဘယ်လိုလာအုံးမလဲ မသိဘူး ။ မိဘတွေကတော့ သဘောကျတယ် အများကြီးတော့ မတွေးထားသေးဘူးလို့ ပြောသွားခဲ့ပါတယ်။

Credit:oasis


01 Aug 2017     1,789 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment