BEC-TERO TV

ထီဆုကြီးကြီးပေါက်သွားတဲ့ နိုင်းနိုင်း နဲ့ စန္ဒီချို

09 Aug 2017     1,402 Views


ချစ်သူရည်းစားတွေ အိမ်ထောင်သည်ဘဝရောက်သွားပြီး သားသမီးလေးတွေ ရလာတဲ့အခါ အိမ်ထောင်မှုတာဝန်အသီးသီးနဲ့ ချစ်သူဘဝတုန်းကလို ပူးပူးကပ်ကပ် တွတ်တီးတွတ်တာနေဖို့ အချိန် မရှိတော့ပါဘူး။ သားသမီးကိစ္စတွေ စီးပွားရေးကိစ္စတွေနဲ့ နေ့စဉ်ရုန်းကန်နေရတဲ့အခါ တစ်ခါတစ်ရံ ချစ်သူရည်းစားဘဝတုန်းကလို အတွယ်တာကင်းကင်းနဲ့ ပျော်ရွှင်ခဲ့ဖူးတဲ့အချိန်တွေကို ပြန်တမ်းတမိတတ်ကြပါတယ်။

တစ်ကယ်တော့ အိမ်ထောင်သည် သားသမီးရှင်မိဘတွေရဲ့ ဘဝမှာ အဲသည်လိုအချိန်မျိုးတွေ ပြန်ရဖို့က ထီပေါက်ဖို့ မျှော်လင့်ရသလိုပါပဲ။
အခုတော့ ရုပ်ရှင်သရုပ်ဆောင် နိုင်းနိုင်းနဲ့ ဇနီးစန္ဒီချိုတို့ အချစ်ထီကို ဆုကြီးကြီးပေါက်ခဲ့ပါပြီ။ စန္ဒီချိုက သူမရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွခ်ပေါ်ကနေ နိုင်းနိုင်းနဲ့ သူမနှစ်ဦးတည်း စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ လျှောက်လည်နေတဲ့ ဓါတ်ပုံလေးတွေကို တင်ပေးထားပါတယ်။ သူမရဲ့ စတေးတပ်မှာ ရေးသားထားတာကတော့..

ကျွန်မတို့ရဲ့ ချစ်ခြင်းတွေ ဟိုးအရင်ကလို အသစ်ပြန်ဖြစ်လာပါပြီ၊ ၉ နှစ်အတွင်းမှာ နှစ်ယောက်ထဲ လွပ်လွပ်လပ်လပ်သွားရတဲ့ ပထမဦးဆုံးခရီးလေးပါ! အသက်ရှုမှားလောက်တဲ့ ရှုခင်းတွေရယ်၊ အရမ်းမိုက်တဲ့ စွန့်စားခန်းတွေကို ချစ်ရတဲ့ ယောက်ျားနဲ့အတူ ဖြတ်သန်းရတာ သဘောကျမိပါတယ်။ ကလေးတွေကော ဘယ်မှာလဲလို့ မေးတဲ့မိတ်ဆွေတွေအတွက် စိတ်မပူပါနဲ့လို့ ပြောချင်ပါတယ်။ သူတို့အဖိုးအဖွားတွေနဲ့အတူ စိတ်ချလက်ချ ရှိနေပါတယ်

ဓာတ်ပုံလေးတွေကို ရှုစားကြပါဦး..
 

 


သတင်းရင်းမြစ်−စန္ဒီချို FB


 


09 Aug 2017     1,402 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment