BEC-TERO TV

အစိုးရနှင့်ညိစွန်းသဖြင့် ထိုင်းရုပ်သံလိုင်း PeaceTV တစ်လအပိတ်ခံ

11 Aug 2017     1,262 Views


ထိုင်းနိုင်ငံ၏ ရုပ်မြင်သံကြားလိုင်းတစ်ခုဖြစ်သည့် Peace TV ရုပ်သံလိုင်းမှ ထုတ်လွှင်ပြသခဲ့သော အစီစဉ်နှစ်ခုတွင် ထိုင်းဘုရင်နှင့်မိသားစုကို အကြည်ညိုပျက်စေသောအချက်များ ပါဝင်ခဲ့သည်ဟု စွပ်စွဲကာ ရုပ်သံထုတ်လွှင့်ခွင့် တစ်လအပိတ်ခံခဲ့ရကြောင်း ဘန်ကောက်ပိုစ့်သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

Peace TV ရုပ်သံလိုင်းက ဇူလိုင်လ ၄ ရက်နေ့က ထုတ်လွှင်ခဲ့သည့် Khao Chai Trong Na အစီစဉ်နှင့် ဇူလိုင်လ ၉ ရက်နေ့က ထုတ်လွှင့်ခဲ့သော Honk Khao Lao Riang Sut Sapda အစီစဉ်နှစ်ခုတွင် ထိုင်းဘုရင်နှင့် မိသားစုကို အကြည်ညိုပျက်စေသော အချက်များပါဝင်ပြီး ပုဒ်မ ၃၇ ကိုချိုးဖောက်မှုဖြင့် ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင်ကို ယာယီပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

ထိုင်းအစိုးအတိုက်အခံ အာဏာရှင်ဆန့်ကျင်သော ဒီမိုကရေစီတပ်ဦး UDD နှင့် ပက်သက်ဆက်နွယ်သည်ဟု ယူဆကာ အမျိုးသားအသံလွှင့်နှင့် တယ်လီကွန်မြူနီကေးရှင်း NBTC က ရုပ်သံလိုင်း ယာယီပိတ်သိမ်းရန် သြဂုတ်လ ၉ ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချပြီး ချက်ခြင်းရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ထိုင်းအခြေခံဥပဒေက လွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ခွင့်ပြုထားသော်လည်း စစ်အာဏာသိမ်း NCPO အစိုးရက မီဒီယာများနှင့် ပြည်သူများ၏ လွပ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်လာခဲ့ခြင်းဖြစ်သည်။
Peace TV မှ ထုတ်လွှင့်ခဲ့သော အဆိုပါရုပ်သံအစီစဉ်နှစ်ခု၌ နိုင်ငံရေးလှုံ့ဆော်သည့်ကိစ္စများ အစိုးရ၏အာဏာကို ထိပါးစေသောအကြောင်းအရာများ ပါဝင်ခြင်းမရှိဟု အစီစဉ်တင်ဆက်သူ Nattawut Saikuar က ပြောကြားခဲ့သည်။ ထို့ပြင် Peace TV ရုပ်သံလွှင့်ခွင့် ရပ်နားခံထားရသော်လည်း ဆိုရှယ်မီဒီယာများပေါ်တွင် ဆက်လက် တင်ဆက်ထုတ်လွှင့်သွားမည်ဟု ပြောကြားခဲ့သည်။


 


11 Aug 2017     1,262 Views




RELATED

Most Popular of International News

Most Popular of NEWS