BEC-TERO TV

အချစ်ကို ကိုးကွယ်မိလို့ အကြပ်ကိုင်ခံရတဲ့ စင်ကာပူအမျိုးသား

15 Aug 2017     1,247 Views


စင်ကာပူနိုင်ငံသားအများစုဟာ မိမိကိုယ်ကိုယ် မထိခိုက်မနစ်နာအောင် အဖက်ဖက်မှ တွက်ချက်ပြီးမှ အလုပ်လုပ်တတ်ကြသူများဖြစ်ပါတယ်။ သို့သော် မည်သို့ပင် တွက်တတ်ချက်တတ်စေကာမူ အချစ်နဲ့တွေ့တဲ့အခါ အလစ်အငိုက်မိသွားတတ်ကြတယ်ဆိုတာကို ဒီအဖြစ်ပျက်လေးက မီးမောင်းထိုးပြနေပါတယ်။
 

စင်ကာပူနိုင်ငံက အမျိုးသားတစ်ဦးဟာ ဗီယက်နမ်အမျိုးသမီး စီးပွားရေးသမားတစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး သုံးရက်ခန့်အကြာတွင် အမျိုးသမီး၌ အကြွေး ဗီယက်နမ်ငွေ ဒေါင်သိန်း ၄ ထောင် (ကျပ် ၂၃၄ သိန်းနီးပါး) ပေးရန်ရှိနေကြောင်း သိရှိခဲ့ရသည့်အတွက် အိမ်ထောင်ဦးတွင် ပျော်ရွှင်ရမည့်အစား စိတ်ဓါတ်ကျခဲ့ရသည်။ ပြသနာများကား ထိုမျှဖြင့်ပြ်ီးမသွား..။

 
ဇာတ်လမ်း၏အစမှာ ဗီယက်နမ်အမျိုးသမိး စင်ကာပူနိုင်ငံသို့ ၂၀၁၅ ခုနှစ်က အလည်လာရောက်စဉ် သူနှင့်စတင်ဆုံဆည်းခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ဦး တစ်ခါနှစ်ခါ ဆုံဖြစ်ခဲ့ကြကာ ချစ်ကြိုက်ခဲ့ကြပါတယ်။ အမျိုးသမီးက ထိုနှစ်ထဲမှာတင် စင်ကာပူကို နောက်တစ်ခေါက် ထပ်ရောက်လာခဲ့သည်။
 
၂၀၁၆ ခုနှစ်အောက်တိုဘာလမှာတော့ ချစ်စိတ်မွှန်နေတဲ့ စင်ကာပူအမျိုးသားက လက်ထပ်ပွဲစီစဉ်ပေးသည့် အေ့ဂျင့်နှင့် ဆက်သွယ်ကာ ဗီယက်နမ်အမျိုးသမီးနှင့် လက်ထပ်ဖို့ စီစဉ်ခဲ့သည်။ ယင်းကဲ့သို့ စီစဉ်နေစဉ် အမျိုးသမီးမှာတစ်ခုလပ် ဖြစ်နေကြောင်း သိရှိသွားခဲ့သည်။ သို့သော်ငြားလည်း နားလည်ခွင့်လွှတ်ပြီး ဇန်နဝါရီ (၁၁)ရက် ၂၀၁၇ တွင် လပ်ထပ်နိုင်ရန် ဆက်လက်စီစဉ်ခဲ့သည်။
 
စင်ကာပူနိုင်ငံ၌ လက်မှတ်ထိုး စာရင်းသွင်းရာ ထိမ်းမြားလက်ထပ်ရေးဌါနမှ ကွာရှင်းပြတ်စဲထားကြောင်း သက်သေစာချူပ်ကို တောင်းရာမှ မထင်မှတ်ပဲ အမျိုးသမီတွင် အရင်အိမ်ထောင်နှင့် ဗီယက်နမ်တွင် ကလေးနှစ်ယောက်ရှိသေးကြောင်း အံ့သြစွာသိခဲ့ရသည်။ သို့သော် စိတ်ပျက်လက်ပျက်ဖြင့် ရှိစေတော့ဟု စိတ်ဆုံးဖြတ်ကာ လက်ထပ်ခဲ့ကြသည်။
 
တရားဝင်လက်ထပ်ပြီး သုံးရက်ခန့်အကြာမှာတော့ ဗီယက်နမ်မှာ စီးပွားရေးအတွက် တင်နေတဲ့အကြွေး ဒေါင် သိန်းလေးထောင်ကို ဆပ်ပေးရန် တောင်းဆိုလာသည်။ ထို့အပြင် စင်ကာပူတွင် အမြဲနေထိုင်ခွင့်ရပြီး တရားဝင်အလုပ်လုပ်နိုင်အောင် လူဝင်မှုကြီးကြပ်ရေးတွင် လျှောက်ပေးရန်လည်း တောင်းဆိုခဲ့သည်။ သူမရဲ့တောင်းဆိုမှုတွေကို ငြင်းပယ်ပါက အိမ်ထောင်ရှင်မတာဝန်များကို ယူမည်မဟုတ်ကြောင်း၊ ကလေးလည်း မမွေးပေးဟု ခြိမ်းခြောက်ခဲ့သဖြင့် သူ့အနေနဲ့ သဘောတူလိုက်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုနှင့် အင်တာဗျူးစဉ် ပြောဆိုခဲ့သည်။
 
၂၀၁၇ ဇွန်လတွင် စင်ကာပူ၌ ရေရှည်နေထိုင်ခွင့်ကတ်ပြား ရရှိခဲ့ပြီးနောက် သူတို့နှစ်ဦး ဗီယက်နမ်သို့ သွားကာ ယောက္ခမဖြစ်သူနဲ့ သွားတွေ့ခဲ့ကြသည်။ အဲ့ဒီမှာပဲ ရိုးရာအတိုင်း မင်္ဂလာဆောင်ကျင်းပခဲပြီး အကြွေး ဒေါင်သိန်း တစ်ထောင်ကို ကနဦး ပြန်ဆပ်ပေးခဲ့သည်။ ထို့နောက် စင်ကာပူကို နှစ်ယောက်သား ပြန်လာခဲ့ကြသည်။
 
စင်ကာပူပြန်ရောက်ပြီး ၁၃ ရက်အကြာ ဗီယက်နမ်တွင် ပြသနာတစ်ခုတက်နေသည်ဟု အကြောင်းပြကာ တစ်ဦးတည်း ပြန်သွားခဲ့သည်။ နှစ်ပတ်ကျော်ကြာသည်ထိ ပြန်ရောက်မလာသည့်အပြင် ဘယ်တော့ ပြန်လာမည်ဟုလည်း မပြောပေ။ သို့သော် အကြွေးတောင်းသည့် ပြေစာများပေးပို့ကာ ကျန်ရှိအကြွေးများကို မြန်မြန်ဆပ်ပေးရန် တောင်းဆိုခဲ့သည်။
 
အကြွေးမြန်မြန်ပြန်မဆပ်ပါက ဘဏ်က သူတို့မိသားစု၏ စီးပွားရေးလုပ်ငန်းကို သိမ်းယူတော့မည်ဖြစ်ကြောင်း ဖိအားပေးနေသဖြင့် စင်ကာပူအမျိုးသားမှာ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိအောင် ဖြစ်နေရသည်။ သူ့အနေနဲ့ ဒီအကြွေးတွေကို ဆပ်ပေးသင့်သလား၊ ဆပ်ပြီးသွားရင်ရော ဘာတွေဆက်ဖြစ်လာမလဲ စသည်ဖြင့် တာဝန်မယူတတ်သော အမျိုးသမီးကို ချစ်ကြိုက်အိမ်ထောင်ပြုမိခဲ့သဖြင့် လက်ရှိတွင် သောကဗျာပါဒများလျှက်ရှိသည်။
 
စင်ကာပူနိုင်ငံသားအများစုမှာ တရုပ်၊ ဗီယက်နမ်တို့မှ အမျိုးသမီးများကို လပ်ထပ်ယူတတ်ကြပြီး သူတို့၏ အိမ်မှုကိစ္စများ မိအိုဖအိုများကို စောင့်ရှောက်ရန် စေခိုင်းတတ်ကြသူများ ဖြစ်လေ့ရှိရာ ယခုအမျိုးသား၏ အဖြစ်ပျက်မှာ ရှားရှားပါးပါးဟုပင် ဆိုရလောက်ပေသည်။

 


15 Aug 2017     1,247 Views




RELATED

Most Popular of Special or Others

Most Popular of NEWS