BEC-TERO TV

မြန်မာနိုင်ငံက သူငယ်ချင်းနှစ်ယောက်ကို လိုက်ရှာနေတဲ့ အ၀င်း

15 Aug 2017     1,503 Views


မြန်မာနိုင်ငံ မှာ မွေးပြီး ဂျပန်နိုင်ငံမှာ ကြီး ပြင်းလာခဲ့ မြန်မာလူမျိုးလေး မိုရီဆာကီဝင်း ကို လူတိုင်းချစ်ကြမယ် ထင်ပါတယ် ။ အ၀င်း ဟာ ဂျပန်မြန်မာချစ်ကြည်ရေး ဇာတ်ကားဖြစ်တဲ့ My Country My Home ကိုဒါရိုက်တာကြည်ဖြူရှင်နဲ့ ရိုက်ကူးမှာ ဖြစ်ပြီး ရန်အောင် ၊ အောင်ရဲလင်း ၊ဝတ်မှုန်ရွှေရည် တို့နဲ့ အတူ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ။

Prizmax အဖွဲ့ အနေနဲ့ ဂျပန် မှာ အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေတဲ့ အဝင်း အတွက် ဒီကားဟာ ကျွန်တော် အပြင်မှာ နေထိုင်တဲ့ ပုံစံ နဲ့ သိပ်မကွာ ပါဘူး တော်တော်လေးနီးစပ်ပါတယ်လို့ ပြောထားပါတယ်။ မြန်မာနိုင်ငံ က အနုပညာရှင်တွေနဲ့ လက်တွဲလုပ်ကိုင်ရတဲ့ အတွက်စိတ်လဲ ၀င်စားတယ် ဂုဏ်လဲ ယူတယ် ။ မြန်မာနိုင်ငံနဲ့ လဲ ဝေးကွာနေတာ ကြာပြီ ဖြစ်တဲ့ အတွက် ဇာတ်ကားရိုက်ကူးရင်း မြန်မာပြည်ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို တခါထဲ လေ့လာသွားမှာပါ ။

အိုက်တင်ပိုင်းမှာ experience သိပ်မရှိသေးတော့ ကျွန်တော်ပိုပြီး ကြိုးစားသွားမှာပါ ။ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးစားမှုလေးက ပရိတ်သတ်ရဲ့ ခံစားချက်နဲ့ ထပ်တူကျပြီး နှလုံးသားထဲမှာ ကျန်နေခဲ့ ဖို့ မျှော်လင့်ပါတယ် ။

သြဂုတ်လ ၂၀ ရက်မှာ အသက် ၂၇ နှစ်ပြည်ပြီ ဖြစ်တဲ့ အ၀င်းဟာ ၁၀နှစ် အရွယ်ထဲ ဂျပန် ကို ထွက်သွားထဲ့ ပေမယ့် မြန်မာနိုင်ငံ က သူငယ်ချင်း နှစ်ယောက်ကိုတော့ ကောင်းကောင်းမှတ်မိတယ် ။ အဘွားကို သူတို့ နှစ်ယောက်ဘယ်မှာ ရှိတယ်ဆိုတာကို စုံစမ်းခိုင်းထားတယ် ။ အဲ့ဒိနှစ်ယောက်ကိုတော့ တွေ့ချင်တယ် ကျန်တာတွေတော့ သိပ်မမှတ်မိတော့ ဘူးလို့ ပြောထားပါတယ်။

မြန်မာပြည် အခေါက်ခေါက်လာပြီး အနုပညာအလုပ်တွေ အများကြီး လုပ်ချင်ပါသေးတယ် အားပေးတဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်ပါတယ် ပရိတ်သတ်တွေကို ကျေးဇူးဆပ်ချင်ပါသေးတယ်လို့ ပြောသွားခဲ့ ပါတယ် ။ 

credit:oasis


15 Aug 2017     1,503 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment