BEC-TERO TV

ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့်(၇၂)နှစ်ပြည့်အခမ်းအနား တိုကျိုမြို့တွင်ပြုလုပ်

17 Aug 2017     1,227 Views


(၁၉၃၉)ခုနှစ်ကနေ (၁၉၄၅)ခုနှစ်အထိ(၆)နှစ်ကြာဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု(၇၂)နှစ် ပြည့်အခမ်းအနားကို ဂျပန်နိုင်ငံမြို့တော်တိုကျိုမြို့မှာသြဂုတ်လ(၁၅)ရက်အစောပိုင်းကပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံအစိုးရရဲ့ဦးဆောင်မှုနဲ့ အင်္ဂါနေ့အစောပိုင်းမှာ ဒီအထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့တဲ့လူ(၃)သန်းကျော်အတွက် ၀မ်းနည်းဂုဏ်ပြုပေးဖို့ရည်ရွယ်တဲ့ အခမ်းအနားကို ကျန်ရစ်သူမိသားစုဝင်တွေအပါအ၀င် လူပေါင်း(၆၄၀၀)ကျော်တက်ရောက်ခဲ့ပါတယ်။

စစ်ပွဲကြောင့် စိုးရိမ်ကြောက်ရွံ့ရတာတွေက နောက်တစ်ခါထပ်ဖြစ်လာတော့မှာမဟုတ်ဘူးလို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲက သူ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။စစ်ပွဲတွေကြောင့် ဂျပန်ရဲ့ သမိုင်းဟာ နှိမ့်ချခံခဲရတဲ့အတွက် ဂျပန်နိုင်ငံဟာ ငြိမ်းချမ်းရေးကိုအထောက်အပံ့ဖြစ်စေပြီး စစ်ပွဲကို ဆန့်ကျင်တဲ့မူဝါဒကိုကိုင်စွဲထားမှာဖြစ်တယ်လို့ အာဘဲကပြောဆိုပါတယ်။

နေ့ခင်းပိုင်းမှာ အခမ်းအနား တက်ရောက်သူတွေဟာ တစ်မိနစ်ငြိမ်သက်အလေးပြုခဲ့ကြပါတယ်။ဂျပန်ဧကရာဇ်အာခီဟီတိုကလည်း စစ်ပွဲအတွင်းသေဆုံးခဲ့ကြတဲ့သူတွေအတွက် ဂျပန်ပြည်သူတွေနဲ့ ထပ်တူထပ်မျှဝမ်းနည်းကြောင်းပြောကြားခဲ့သလို ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဂျပန်နိုင်ငံရဲ့ အနာဂတ်တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆုမွန်ကောင်းတောင်းကြောင်းပြောကြားခဲ့ပါတယ်။ဒါ့ပြင် ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ အထူးတလည်နောင်တရပြီး နောက်ထပ် စစ်ပွဲတွေထပ်မံမဖြစ်ပွားဖို့ မျှော်လင့်တယ်လို့ပြောဆိုသွားပါတယ်။


17 Aug 2017     1,227 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS