BEC-TERO TV

အဓ္ဓမပြုကျင့်ခံခဲ့ရသော အိန္ဒိယက ၁၀ နှစ်သမီး ကလေးမီးဖွား

21 Aug 2017     1,257 Views


အိန္ဒိနိုင်ငံတွင် ဦးလေးဖြစ်သူက အဓ္ဓမပြုကျင့်စော်ကားခဲ့မှုကြောင့် ကိုယ်ဝန်ရခဲ့သည့် ၁၀ နှစ်အရွယ် မိန်းကလေးသည် အစိုးရဆေးတက္ကသိုလ်ဆေးရုံတွင် သမီးမိန်းကလေးတစ်ဦးကို အောင်မြင်စွာဖြင့် ခွဲစိပ်မွေးဖွားပေးနိုင်ခဲ့သည်။

အဓ္ဓမပြုကျင့်မှုကြောင့် ရရှိခဲ့သော ကိုယ်ဝန်ကို ဖျက်ချခွင့်ပြုပါရန် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ရာ ဇူလိုင်လတွင် ပယ်ချခံခဲ့ရခြင်းဖြစ်သည်။ ကိုယ်ဝန်ဖျက်ချခွင့် မရခဲ့သဖြင့် ၁၀ နှစ်အရွယ်ကလေးငယ်မှာ ၃၅ ပတ်ကြာ ကိုယ်ဝန်ဆောင်ခဲ့ရခြင်းဖြစ်သည်။

မွေးဖွားလာသော သမီးမိန်းကလေးမှာ ၅ပေါင် ၅ အောင်စရှိပြီး တရားဥပဒေအရ အမည်ပေးရန် အခက်အခဲကြုံတွေ့နေရသည်။ ၁၀ နှစ်အရွယ် မိခင်ရော ကလေးပါ ကျန်းမာလျှက်ရှိကြောင်း သိရှိရသည်။
ဇူလိုင်လပိုင်းက ကလေးငယ်မှာ ဗိုက်အောင့်သည်ဟု မိဘများကို ပြောသဖြင့် စစ်ဆေးကြည့်ရာမှ ကိုယ်ဝန်ရှိနေကြာင်း သိရှိရပြီး ဆက်လက်ဖော်ထုတ်ရာ ဦးလေးအရင်းဖြစ်သူမှ ၆ ကြိမ် ၇ ကြိမ်ခန့် အဓ္ဓမပြုကျင့်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး ဖမ်းဆီးခြင်းခံခဲ့ရသည်။

ကလေးမလေး၏ ကိုယ်ဝန်ကို ဖျက်ချခွင့်လျှောက်ထားရာတွင် တရားရုံးမှ ငယ်လွန်းသည်ဟု အကြောင်းပြကာ ဖျက်ချခွင့်မပြုခဲ့ပေ။ ထပ်မံ၍ အဆင့်မြင့်တရားရုံးတွင် လျှောက်ထားပါသော်လည်း ဇူလိုင်လ ၂၈ ရက်နေ့က အပြီးသတ်ပယ်ချခြင်းခံခဲ့ရသည်။
အိန္ဒိယနိုင်ငံ၏ ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေမှာ ကိုယ်ဝန်ရပြီး နှစ်ပတ်အတွင်း မိခင်(သို့)ကလေးတွင် အန္တရာယ်ဖြစ်စေနိုင်လောက်သော အခြေနေရှိမှ ဖျက်ချခွင့်ပြုသည်။

ယခုအမှုတွင် အဓ္ဓမပြုကျင့်ခံထားရပြီး ကလေးငယ်မှာ ကိုယ်ဝန်ဆောင်ပြီး သားဖွားရန် အလွန်ငယ်သေးသည့်အတွက် အန္တရာယ်ရှိကြောင်း ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက အကြံပေးခဲ့သော်လည်း တရားရုံးက ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

စစ်တမ်းအရ အိန္ဒိယနိုင်ငံတွင် ၂၀၁၅ ခုနှစ် တစ်နှစ်ထဲ၌ သက်ငယ်မုဒိန်း ၁၀,၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အများအားဖြင့် ဆွေမျိုးသားချင်း သွေးသားရင်းထဲမှ ကျူးလွန်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားသည်။

 

>> ဦးလေးဖြစ်သူ စော်ကားမှုကြောင့် ကိုယ်ဝန်ရှိခဲ့သူ ၁၀ နှစ်သမီးကို တရားရုံးက ဖျက်ချခွင့်မပြု


 


21 Aug 2017     1,257 Views




RELATED

Most Popular of International News

Most Popular of NEWS