BEC-TERO TV

နွေရာသီအတွက် ၀တ်ဆင်သင့်သော fashion လေးများ

02 Jun 2015     1,368 Views


ယခုချိန်ဟာ ပူအိုက်တဲ့နွေရာသီကို ရောက်ရှိလာတဲ့အတွက် ပျိုမေလေးတွေ ကိုပေါ့ပေါ့ ပါးပါး နဲ့ ထင်ပေါ်စေမဲ့ fashion လေးတွေကို အကြံပေးချင်ပါတယ် ။ အရင်းနှီးဆုံးသူငယ်ချင်း မိန်းကလေးတွေနဲ့ ညဘက်မှ ဖြစ်ဖြစ် shopping သွားတာပဲ ဖြစ်ဖြစ် ၊ ညစာစားဖို့ချိန်းထား တဲံ အခါမှာ ပေါ့ပါးလန်းဆန်းဆောင် ချစ်စဖွယ်ပုံစံလေးဝတ်ဆင်သင့်ပါတယ် ။ အပေါ်ပိုင်းကို တောက်တောက် ပြောင်ပြောင် ၀တ်စားခြင်းဟာလဲ အများစိတ်ဝင်စားမှုကို ရရှိစေပြီးတော့ လက်ကိုင်အိတ် အစိမ်းရောင်ကို ကိုင်ဆောင်ခြင်းဖြင့်လဲ တောက်ပတဲံ အသွင်ကို ရရှိစေနိုင်မှာဖြစ်ပါတယ် ။ အကျီင်္အရောင် တောက်တောက်လေးတွေရယ် လက်ကိုင်အိတ်အစိမ်းလေးတွေဟာ တောက်ပစေတဲံ အတွက် ဂျင်းနဲ့ ဒေါက်ဖိနပ်လေးတွေကို ပါ ညှီနှိုင်းဝတ်ဆင် ခြင်းဟာလဲ ပြီးပြည့်စုံ တဲံ ချစ်စဖွယ်မိန်းကလေး အသွင်ကို ရရှိစေမှာဖြစ်ပါတယ် ။ အနည်းငယ် ရဲရင့် တဲ့အသွင်ကို ဖြစ်ချင်ရင်တော့ ကျောက်အနက် ကဲ့သို့ အရောင်ရင့်တဲ့ ရတနာများကို ၀တ်ဆင်ပြီးသွားလို့ရပါတယ် ။ ချစ်သူနဲ့ Dinner စားဖို့ ချိန်းဆိုထားရင်လဲ  ခါးသိမ်သိမ်ကိုအထူးအသားပေးတဲ့အနေနဲ့ ခါးပတ်ထည့်ဝတ်ခြင်းဟာ ခါးအလှကိုပိုပေါ်စေပြီးချစ်သူရဲ့ ဂရုပြုမှုကိုပို၍ရရှိစေမှာဖြစ်ပါတယ် ။လှပပေါ်လွင်တဲ့ဝတ်စုံနဲ့ လိုက်ဖက်စေဖို့အတွက် ရိုးရှင်းတဲ့အနက်ရောင် ဒေါက်ဖိနပ်ကိုရွေးချယ်ပြီးတော့ ၀တ်ဆင်သင့်ပါတယ် ။ Accessories အတွက်ကျောက်နားဆွဲနဲံလက်ကောက်တွေကိုလဲ ပြင်ဆင်ထားပိး နားဆွဲ မပါပဲလဲ ပြည့်စုံစေမှာဖြစ်ပါတယ်။ လက်ကိုင်အိတ်ကိုလဲ ပခုံးသိုင်းကြိုးပါတဲ့ အိတ်ငယ်ကိုရွေးချယ်ပေးမယ်ဆိုရင် ပို ပြီးလိုက်ဖက်တဲ့ fashion ကို ရရှိစေမှာဖြစ်ပါတယ် ။အခုလို ပျိုမေလေးတွေအတွက် သူငယ်ချင်းတွေဖြစ်ဖြစ် ချစ်သူနဲ့ဖြစ်ဖြစ် ချိန်းဆိုထားတဲ့ အခါ တင့်တယ်ပေါ့ပါးတဲံ အသွင်ကိုရရှိစေမဲ့ fashion လေးတွေ ကို အကြံလေးပေးလိုက်ရပါတယ်။


02 Jun 2015     1,368 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style