BEC-TERO TV

ကင်ဆာရောဂါအကြောင်း လေ့လာတွေ့ရှိချက်များ

02 Jun 2015     1,996 Views


ကင်ဆာရောဂါဆိုသည်မှာ ရောဂါလက္ခဏာ မသိရှိနိုင်သည့် ရောဂါတစ်မျိုးဖြစ်ပြီး နောက်ဆုံးအချိန်မှသာ ရောဂါရှိကြောင်း သိရတတ်ပါတယ်။သို့သော် ကင်ဆာရောဂါနှင့် ပက်သက်ပြီး လေ့လာတွေ့ရှိချက်တစ်ခုတွေ့ရှိ ထားပြီဖြစ်ပါတယ်။ကင်ဆာရောဂါ ရှိမရှိကို မိနစ်အနည်းငယ်အတွင်း သိရှိနိုင်မယ့် လေ့လာတွေ့ရှိချက်တစ်ခုကို အမေရိကန်နိုင်ငံ Massachusetts နည်းပညာတက္ကသိုလ်မှ သုတေသနပညာရှင်တွေက ပြောကြားလိုက်ပါတယ်။
 
ထိုစမ်းသပ်နည်းသည် အမျိုးသမီးများ ကိုယ်ဝန်ရှိမရှိ စမ်းသပ်သကဲ့သို့ ဆေးနမူနာပေါ်အခြေခံပြီးတော့ အဖြေကို ဖော်ထုတ်သည့်နည်းလည်းဖြစ်ပါတယ်။ခန္ဓာကိုယ်အတွင်းထဲသို့ Nano particles ခေါ် အထူးအမှုန်လေးများ ထိုးသွင်းပြီး Tuma Protein လို့ခေါ်တဲ့ အချက်ပြမှုကို အခြေခံပြီးတော့ စမ်းသပ်မှုကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။
 
ခန္ဓာကိုယ်အတွင်းထိုးသွင်းလိုက်တဲ့ အမှုန်လေးတွေက Tuma ဖြစ်နေတဲ့ နေရာလေးတွေကို တွယ်ကပ်ပြီးတော့ ကျောက်ကပ်မှတစ်ဆင့် ကျင်ငယ်ရေ စွန့်ထုတ်သည့်အတိုင်း ပါသွားမှာဖြစ်ပါတယ်။ထိုကဲ့သို့ စမ်းသပ်မှုမျိုးကို ကြွက်လေး တွေမှတစ်ဆင့် စမ်းသပ်မှုများ ပြုလုပ်ပြီး အူမTuma နှင့် သွေးခဲတွေကို တိတိကျကျ ဖော်ထုတ်နိုင်ခဲ့တယ်။
 
ဒါကြောင့် ကင်ဆာရောဂါ မျိုးရိုးရှိတဲ့ သူတွေကို မိနစ်အနည်းငယ်အတွင်း ရောဂါရှိမရှိ သိရှိနိုင်မယ့် လေ့လာတွေ့ရှိမှုတစ်ခုကို အမေရိကန်နိုင်ငံမှာ တွေ့ရှိထားပြီဖြစ်ကြောင်း တင်ပြပေးလိုက်ပါတယ်။

02 Jun 2015     1,996 Views




RELATED

Most Popular of Health Fix

Most Popular of Life Style