BEC-TERO TV

ကမ္ဘာပေါ်မှာ TB ဆေးယှဉ်ပါးနေသော ကလေးငယ် သုံးသောင်းကျော်ရှိ

09 Jun 2015     1,424 Views


သုတေသီတွေရဲ့လေ့လာတွေရှိချက်တွေကြောင့်ကမ္ဘာပေါ်မှာတီဗီဆေးယှဉ်ပါးနေသောကလေးငယ်သုံးသောင်းကျော်ရှိသည်ဟုသိရပါသည်။နှစ်စဉ် တီဗီ ရောဂါဖြစ်ပွားနေတဲ့ကလေးတွေရဲ့ တစ်သန်းကျော်အနက် သုံးပုံတစ်ပုံခန့်သာ တီဗီရောဂါဖြစ်ပွားနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံဟာ ကလေးတွေ ဖြစ်ပေမဲ့ ကလေးတွေဟာ လူကြီးတွေထက်တီဗီရောဂါ ကူးစပ်နိုင်ခြေ နည်းပါတဲ့အတွက် ကလေးဘယ်လောက်က တီဗီ ရောဂါ ခံစားနေရတယ်ဆိုတာ ကို နှစ်ပေါင်းများစွာ ခန့်မှန်း ဖော်ပြခြင်းမရှိခဲ့ပါဘူး ။

လူကြီး တွေမှာ တီဗီ ရောဂါ ပိုးကို အဆုတ်တွေမှာတွေ့ရှိရပေမဲ့ ကလေးတွေမှာတော့ အဆုတ်မဟုတ်တဲ့ တစ်ခြား အစိတ်အပိုင်းတွေမှာလဲ တွေရှိ၇ပါတယ်။ ယခု ဆိုရင် ကလေးပေါင်း သုံးသောင်း နှစ်ထောင် ဟာ တီဗီဆေး ယှဉ်ပါးနေတဲ့ကလေးတွေ အဖြစ် ဖြစ်လာကြပါသည် ။ တီဗီ ရောဂါ က ပျံနှံလွယ်တဲံ အတွက်ကြောင့် မိဘများအနေနဲ့လဲ မိမိရဲ့ ကလေးငယ်လေးတွေကို တီဗီ ရောဂါ မဖြစ်အောင် ဂရုစိုက်ပြီး ၊ တီဗီ ရောဂါ ကူးစပ်ခံရပြီးပြီ ဆိုရင်လဲ သေသေချာချာ ဆေးပတ်လည်ပြီး ပျောက်ကင်းအောင် သေချာဂရုစိုက်ပေးသင့် တယ်လို့ အကြံလေးပေးလိုက်ရပါတယ်။


09 Jun 2015     1,424 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style