BEC-TERO TV

မျက်နှာအသားအရေလျော့တွဲမှုကိုကာကွယ်ခြင်း/အသားအရေထိန်းသိမ်းခြင်း

09 Jun 2015     1,413 Views


မျက်နှာအသားအရေလျော့တွဲမှုကိုကာကွယ်ခြင်း/အသားအရေထိန်းသိမ်းခြင်း မျက်နှာအသားအရေ လျော့တွဲကျမှုကို ဈေးနှုန်းသက်သာစွာနဲ့ကုသနိုင်မဲ့နည်းလမ်းကို Hollywood မှ ရှာတွေ့ခဲ့ပါတယ်။ မျက်နှာအသားအရေကို ကာကွယ်ရန် မျက်နှာလိမ်းcreamများ၊ Laser ဖြင့်ကုသမှုများ၊ ခွဲစိတ်ပြုပြင်မှုများ နှင့် ဆေးထိုးခြင်းများပြုလုပ်ကြပါတယ်။ သို့သော်ထိုနည်းလမ်းများက အကုန်အကျများသလို အန္တရာယ်များပြီး ဘေးထွက်ဆိုးကျိုးလည်းများတာကြောင့် ယခုဖော်ပြတဲ့ နည်းလမ်းလေးများကို အသုံးပြုသင့် ပါတယ်လို့ အကြံပြုပါရစေ။ ယခုဖော်ပြတဲ့နည်းလမ်းတွေကတော့ Hollywood မှအလှအပကုထုံးဆိုင်ရာ ကျွမ်းကျင်သူ ဂျူလီယာမတ်မှ သူ့လူနာတွေကိုအကြံပေးနေကျ နည်းလမ်းများပဲဖြစ်ပါတယ်။ အဲ့နည်းလမ်းကတော့ အရိုးများကိုစွပ်ပြုတ်လုပ်သောက်ခြင်းပဲဖြစ်ပါတယ်။ ချက်ပြုတ်ပြီး ကျန်တဲ့အရိုးများကို မပစ်ပဲ အရိုးပြုတ်ရည်လုပ်သောက်ပါ။ အရိုးပြုတ်ရည်သောက်တဲ့အခါမှာ ခန္ဓာကိုယ်ထဲ ကသတ္တုဓာတ်တွေထွက်လာပြီး အသားအရည်ကို ကြည်လင်တောက်ပစိုပြေကာ တင်းရင်းတဲ့ အသားအရေကိုရရှိလာမှာဖြစ်ပါတယ်။ အရိုးနုမှာပါတဲ့ အမျှင်ဓာတ်ကြောင့် အသားအရေအစိုဓာတ် ကိုထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ အမဲရိုး၊ဆိတ်ရိုးတို့ကို ရေအနည်းငယ်၊ ရှာလကာရည်အနည်းငယ်ထည့်ပြုတ်ပါ။ တစ်နေ့ကို အရိုးပြုတ်ရည် ဟင်းပန်းကန် ၃သုံးခန့်သောက်ပေးရပါမယ်။ အသီးအရွက်နဲ့ဆေးဖက်ဝင်ဓာတ်စာအ ရွက်တွေကိုလည်းထည့် ပြုတ်ကာ စားသုံးလို့ရပါတယ်။ စာဖတ်သူလည်း အကုန်အကျမများပဲ အသားအရေထိန်းသိမ်းနိုင်တဲ့ ဒီနည်းလမ်းလေးကို သဘောကျ လိမ့်မယ်လို့ထင်ပါတယ်။ အသားအရေလျော့တွဲခြင်းကို ကာကွယ်ဖို့နဲ့ အသားအရေထိန်းသိမ်းဖို့ အရိုးပြုတ်ရည် တစ်နေ့ ဟင်းပန်းကန်လုံး ၃ခွက်ခန့် ပုံမှန်သောက်သုံးပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်….။


09 Jun 2015     1,413 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style