BEC-TERO TV

အကျီင်္ကော်လန်ပေါ်မှ အညစ်အကြေးများချွတ်နည်း

09 Jun 2015     1,506 Views


နေ့စဉ်ဝတ်ဆင်နေတဲ့ အကျီင်္တွေရဲ့ ကော်လန်တွေမှာ ချွေးကနေ တဆင့် ဂျီးညော်တွေကပ်ပီး ချွတ်လို့မရတဲ့ အခြေအနေထိဖြစ်တက်ပါတယ် ။ အထူးသဖြင့် ယခု လို တိုးတက်နေတဲ့ ခေတ်ကြီးမှာ အ၀တ်လျှော်စက်တွေကို အိမ်တော်တော် များများ မှာ အသုံးပြု လာ ကြတာတဲ့ အတွက်ကြောင့် ထိုအကျီင်္ကော်လန်က ချေးတွေကို သေချာ မပွတ်တိုက်မိကြတော့ပါဘူး ။ မိန်းကလေးတွေ တော်တော် များများ ဟာ ဆိုရင်လဲ မိတ်ကပ်များကို နေ့စဉ်လိမ်းခြယ်သွားလာ နေကြတဲ့ အတွက်ကြောင့် အကျီင်္ကော်လန်မှာလဲ မိတ်ကပ်နဲ့ ချွေးမှတဆင့် ဖြစ်ပေါ်လာတဲ့ ကော်လန်မဲနေခြင်းဟာလဲ တော်တော်နဲ့ ဖျက်ရခက်ပါတယ် ။အ ခုလို ဖျက်ရခက်တဲ့ ကော်လန်မှအညစ်အကြေးတွေကို အထူးထုတ်လုပ်ထားတဲ့ အစွန်းချွတ်ဆေးတွေ နဲ့ ဖျက်စရာမလိုပဲ အလွယ်တကူ ဖျက်လို့ရမဲ့ နည်းလေးကို ပြောပြပေးချင်ပါတယ် ။ အဲ့ဒိနည်းလေးကတော့ နေရာတိုင်းမှာ အလွယ်တကူဝယ်လို့ရတဲံ ခေါင်းလျှော်ရည်ပဲ ဖြစ်ပါတယ် ။ အဲ့ဒိခေါင်းလျှော်ရည်ကလဲ ဈေးကြီး ဈေးများစရာမလိုပဲနဲ့ ဈေးသက်သက်သာသာဝယ်လို့ရတဲ့ခေါင်းလျှော်ရည်ကို အသုံးပြုလဲ ရပါတယ်။ပြုလုပ်ရမဲ့နည်းလေးကတော့ မဲညစ်နေတဲ့ အကျီင်္ကော်လန်ပေါ်မှာ ခေါင်းလျှော်ရည်လေးကို အနည်းငယ်ထည့်ပြီးရေနည်းနည်း နဲ့ပွတ်လိုက်ပါ ပြီးနောက်ရေဆေးချလိုက်ရင် အညစ်အကြေးတွေပျောက်သွားးမှာဖြစ်ပါတယ် ။


09 Jun 2015     1,506 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style