BEC-TERO TV

နည်းပြရဲ့သတိပေးခြင်းခံခဲ့ရတဲ့ ရှန်ဟိုင်းရှန်ဟွာအသင်းတိုက်စစ်မှူးတိဗက်ဇ်

15 Sep 2017     1,293 Views


ရှန်ဟိုင်းရှန်ဟွာအသင်း အသင်းတိုက်စစ်မှူးတိဗက်ဇ်ဟာ ကစားသမားတစ်ဦးမှာ ရှိသင့်တဲ့ကိုယ်အ လေးချိန်ထက် ကျော်လွန်နေတာကြောင့် အသင်းနည်းပြက ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ရှန်ဟိုင်းရှန်ဟွာအသင်း နည်းပြသစ်ဝူဂျင်ဂူဟာ ကိုယ်အလေးချိန်တက်နေတဲ့ အသင်းတိုက်စစ်မှူးတိ ဗက်ဇ်ကိုအလိုမကျဖြစ်နေခဲ့ပါတယ်။

ရှန်ဟိုင်းရှန်ဟွာအသင်းဟာ ရလဒ်တွေဆိုးဝါးနေခဲ့တာကြောင့် ယခုသီ တင်းပါတ်အစောပိုင်းမှာပဲ နည်းပြ၀ူဂျင်ဂူကို နည်းပြဂတ်ပိုရက်နေရာမှာအစားထိုး ခန့်ထားခဲ့တာပဲဖြစ်ပါတယ်။ တိုက်စစ်မှူးတိဗက်ဇ်ဟာ ဒဏ်ရာပြဿနာမှ ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် ကြံခိုင်မှုမပြည့်ဝသေးတာ ကြောင့်အသုံးပြုသွားမှာ မဟုတ်သေးကြောင်း နည်းပြကပြောကြားသွားခဲ့ပါတယ်။ တိဗက်ဇ်ဟာ ဒဏ်ရာကြောင့် အနားယူနေစဉ်အတွင်းမှာ ကိုယ်အလေးချိန်တက်လာခဲ့တာဖြစ်ပြီး ဒဏ်ရာကပြန်လည်သက်သာလာပြီး စတင် ကစားနိုင်ခဲ့တဲ့ပွဲမှာ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရကာ အဆိုပါပွဲစဉ်မှာ ရှန်ဟိုင်းရှန်ဟွာအသင်းအနေနဲ့ ရှုံးပွဲထပ်မံကြုံ တွေ့ခဲ့ရပါတယ်။

ရှန်ဟိုင်းရှန်ဟွာအသင်းဟာ ဟီနန်ဂျီအန်ရီအသင်းကို အိမ်ကွင်းမှာ(၂)ဂိုး၊(၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပြီး ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့တိဗက်ဇ်ဟာလည်း ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းကိုခံခဲ့ရပါတယ်။ ရှန်ဟိုင်း ရှန်ဟွာအသင်းဟာ ယခုနှစ်ဘောလုံးရာသီ တရုတ်စူပါလိဂ်မှာရုန်းကန်နေခဲ့ရပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၁၁)နေရာ အထိရောက်ရှိနေခဲ့ကာ ရလဒ်ပိုင်းဆိုးဝါးနေခဲ့တာဖြစ်ပါတယ်။ တိဗက်ဇ်ဟာ ကမ္ဘာ့တစ်ပါတ်လုပ်ခ အများဆုံးရရှိနေတဲ့ကစားသမားဖြစ်ပြီး တစ်ပါတ်လုပ်ခ (၆)သိန်း(၅)သောင်းအထိ ရရှိနေတာဖြစ်ပါတယ်။


15 Sep 2017     1,293 Views




RELATED

Most Popular of Football

Most Popular of Sport