BEC-TERO TV

ဝက်တုပ်ကွေးရောဂါ

10 Jun 2015     1,373 Views


ဝက်တုပ်ကွေးရောဂါက ဝက်တွေဆီမှာအဖြစ်များပေမယ့် အခုအခါမှာဆိုရင် လူတွေဆီကိုလည်းကူးစက်ပျံ့ပွားလို့နေပါတယ်။ H1N1 ဗိုင်းရပ်ကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ H1N1 ရောဂါပိုးကဆိုရင် လူတွေဆီကိုရာသီအလိုက်ဖြစ်ပွားတက်တဲ့ တုပ်ကွေးရောဂါအဖြစ်ကူးစက်ပျံ့ပွားနေပါပြီ။ ထို့ကြောင့်ရာသီအလိုက်ဖြစ်ပွားတက်တဲ့တုပ်ကွေးကာကွယ်ဆေးတွေမှာသူ့ကိုထည့်ထားပေးပါတယ်။
 
ခံစားရတဲ့ရောဂါလက္ခဏာတွေကတော့ဖျားမယ်၊ချမ်းစိမ့်စိမ့်ဖြစ်မယ်၊ နှာဆေးချောင်းဆိုးမယ်၊ လည်ချောင်းနာမယ်၊ ကိုယ်လက်နာကျင်ကိုက်ခဲမယ်၊ ခေါင်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။မောပန်းနွမ်းနယ်ပြီး မူဝေအော့အန်တာတွေ  ၊ ဝမ်းလျောတာတွေဖြစ်စေနိုင်ပါတယ်။ဒီရောဂါလက္ခဏာတွေက ရောဂါပိုးခန္ဓာကိုယ်ထဲဝင်ရောက်ပြီး တစ်ရက်ကနေ ၃ရက်အကြာမှာဖြစ်တက်ပြီး၈ရက်လောက်အကြာမှာကောင်းသွားတက်ပါတယ်။နောက်ဆက်တွဲဆိုးကျိုးကတော့ အသက်ကြပ်တာ၊ အသက်ရှူခက်တာ၊ အဆုတ်ရောင်တာတွေကိုဖြစ်စေနိုင်ပါတယ်။ နှလုံးရောဂါနဲ့ ဆီးချိုရောဂါရှိသူတွေ နာတာရှည်ရောဂါရှိသူတွေမှာတော့ ရောဂါလက္ခဏာကပိုပြီးတော့ဆိုးရွားနိုင်ပါတယ်။
 
စိတ်ရှုပ်ထွေးပြီးတော့တက်တာကနေတစ်ဆင့် အာရုံကြောနဲ့ဆိုင်တဲ့ လက္ခဏာတွေလည်းပေါ်လာတက်ပါတယ်။နာတာရှည်ရောဂါ ခံစားနေရတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကတော့ ဆရာဝန်နဲ့ပြသင့်ပါတယ်။ ရိုးရိုးပုံမှန်ကျန်းမာရေးကောင်းနေတဲ့ လူနာတွေနဲ့ရောဂါလက္ခဏာပြင်းပြင်းထန်ထန်မရှိတဲ့ လူနာတွေကဆရာဝန်နဲ့မပြလို့ရပါတယ်။ ဒီရောဂါက ဗိုင်းရပ်ကဖြစ်တဲ့ အတွက်ကြောင့်ရောဂါလက္ခဏာသက်သာအောင်ပဲလုပ်ပေးလို့ရပါတယ်။
 
အသက်ရှူလမ်းကြောင်းပွင့်စေတဲ့ဆေးတွေ၊ ရောင်ရမ်းတာကိုကျစေတဲ့ဆေးတွေတော့သောက်လို့ရပါတယ်။မိမိကိုယ်ကိုယ် ဂရုစိုက်ပြုစုရပါမယ်။ရေများများသောက်ပေးရမယ်။ ကောင်းကောင်းအနားယူပေးရမယ်။ လိုအပ်မယ်ဆိုရင် အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး တို့ကိုအလျင်းသင့်သလိုသောက်ပေးလို့ရပါတယ်။
 
ခုခံအားနည်းနေတဲ့သူတွေ ၊ နာတာရှည်ရောဂါရှိတဲ့သူတွေ ၊ ကိုယ်ဝန်ဆောင်မိခင်သည်တွေ ၊ အသက်ရှူကခက်တဲ့လူနာတွေကို ပိုပြီးတော့ဂရုစိုက်သင့်ပါတယ်ဒီရောဂါကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ကာကွယ်ဆေးထိုးလို့ရပါတယ်။လူအုပ်ကြားထဲသွားတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။နှာစေးချောင်းဆိုးမယ်ဆိုရင် လက်ကိုင်ပုဝါလေးအသုံးပြုသင့်ပါတယ်။ဖော်ပြပါနည်းလမ်းတွေနဲ့ ထိုရောဂါကို ကာကွယ်လို့ရပါတယ်။

10 Jun 2015     1,373 Views




RELATED

Most Popular of Health Fix

Most Popular of Life Style