BEC-TERO TV

အလှအပတွက်အစားအစာများအကြောင်း

10 Jun 2015     1,409 Views


အစားအသောက်စားတယ်ဆိုတာ အသက်ရှင်နေထိုင်ဖို့တွက် သွားလာလှုပ်ရှားဖို့တွက်စားတာမဟုတ်ပဲ အခုနောက်ပိုင်းမှာအလှအပတွက်ပါအစားအသောက်ကအရေးကြီးပါတယ်။ အသီးအရွက်တွေက နှလုံးရောဂါ၊သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ၊ သွေးတွင်းအဆီများတာ၊ အစာအိမ်အူလမ်းကြောင်းမှာကင်ဆာရောဂါဖြစ်တာတွေကိုကာကွယ်ပေးနိုင်ပါတယ်။
 
အလှအပတွက်အစားအသောက်ကအရေးကြီးတာကို လူတွေကသိလာပါတယ်။ CALCIUM ကအရိုး၊ သွား တည်ဆောက်မှုကိုအထောက်အကူပေးပါတယ်။ဆံပင် ၊ ခြေသည်းလက်သည်းတွေအတွက်လည်း အထောက်အကူပေးပါတယ်။ အိုမီကာ 3 အဆီဓာတ်ကို ပင်လယ်ငါးတွေဆီကရပါတယ်။ အိုမီကာ 3 ကတော့ ခန္ဓာကိုယ်တွင်းရောင်ရမ်းတာ ၊ ရောဂါပိုးဖြစ်တာတွေကို သက်သာစေပါတယ်။
 
သံဓာတ်ကတော့ သွေးနီဥတွေ ပြုလုပ်တဲ့ အခါမှာအသုံးဝင်ပါတယ်။ကြေးကကော်လက်ဂျင်ဓာတ်ကိုပေးပါတယ်။ သွပ်ကတော့ ယိုယွင်းသွားတဲ့ ကော်လက်ဂျင်ကို ပြန်ပြီးတော့ညှိပေးပါတယ်။ ဆဲလ်ဖွံ့ဖြိုးမှုကိုအထောက်အကူပေးပါတယ်။ဝက်ခြံနည်းပါးမှုတွေကိုလည်း ဖြစ်စေပါတယ်။ VITAMIN - D ကို ဒိန်ခဲကနေရပါတယ်။
 
မနက်စောစောနေရောင်ခြည်မှလည်းရပါတယ်။ကယ်စီယမ်စုတ်ယူမှုကိုလည်းအသုံးဝင်ပါတယ်။ VITAMIN – K ကတော့အသည်း ၊ အစိမ်းရောင်ရှိသောအရွက်တွေက ရရှိပါတယ်။သွေးခဲမှုနဲ့ပတ်သတ်တဲ့ ပရိုတင်းတွေ ထုတ်ပေးတဲ့နေရာမှာအသုံးဝင်ပါတယ်။
 
VITAMIN –A ကိုတော့အစိမ်းရောင် ၊ အဝါရောင်ရှိတဲ့ အသီးတွေကဆီကရပါတယ်။(ဥပမာ - ရွှေဖရုံသီး ၊ သင်္ဘောသီး ၊ လိမ္မော်သီး ၊ နာနက်သီး) VITAMIN – E ကတော့အသီးအနှံကနေရ တဲ့အဆီ ၊ ဥ ၊ အနှစ် ၊ ဒိန်ခဲတွေကနေရရှိပါတယ်။ VITAMIN – C ကခရမ်းချဉ်သီး ၊ မာလကာသီး ၊ လိမ္မော်သီး၊ မန်ကျည်းသီး ၊ စတော်ဘယ်ရီ စတဲ့အသီးတွေကနေရရှိပါတယ်။ပြည့်ဝစာတွေများလွန်းတဲ့ အစားအစာ၊ဝက်အူေ ချာင်း၊ ဝက်ပေါင်ခြောက် စတဲ့အစာတွေက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။
 
ထိုအစာတွေကိုစားရင် မျက်နှာပေါ် မှာ အရွယ်မတိုင်ခင် အရေးကြောင်းတွေ ဖြစ်လာတက်ပါတယ်။သကြားဓာတ်များတဲ့ အစားအသောက်တွေက လည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် ထိုအစားအစာမျိုးကိုလည်းရှောင်ရှားသင့်ပါတယ်။
 
ကဖင်းဓာတ်ပါတဲ့ဖျော်ရည် ၊ အယ်ကိုဟောပါတဲ့အဖျော်ယမကာတွေက ခန္ဓာကိုယ်မှာ ရှိတဲ့ ရေဓာတ်ကိုအများကြီးစုတ်ယူသွားပါတယ်။ ဒါတွေကိုသောက်ရင် အသားရည်ခြောက်သွေ့တာတွေ ၊ အရည်ပြားကွာတာမျိုးတွေ ဖြစ်တက်ပါတယ်။ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကိုသေချာဂရုတစိုက်လုပ်မူနေထိုင်မယ်ဆိုရင်လှပတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

10 Jun 2015     1,409 Views




RELATED

Most Popular of Health Fix

Most Popular of Life Style