BEC-TERO TV

ပင်ပန်းနွမ်းနယ်ခြင်းနှင့်လန်းဆန်းစေသောအစားအစာ

10 Jun 2015     1,382 Views


လူတွေဟာတစ်ခါတစ်လေမှာစိတ်မကြည်မလင်ဖြစ်တာ ၊ လန်းဆန်းမှုမရှိတာတွေဖြစ်တက်ပါတယ်။ဒါတွေက ကျန်းမာရေးနဲ့ဆိုင်တဲ့အကြောင်းအရင်းတစ်ခုပါပဲ။ လန်းဆန်းမှုမရှိတာကနေ့စဉ်နေ့တိုင်းလိုလိုဖြစ်လာမယ်ဆိုရင်စိတ်ရှုပ်လာတာတွေ၊ ဦးနှောက်မကြည်လင်တာတွေ ၊ ပင်ပန်းနွမ်းနယ်ပြီးတော့အားအင်ကုန်ခမ်းတာ တွေဖြစ်တက်ပါတယ်။
 
ဒါကြောင့်ဒီလိုမျိုးတွေမဖြစ်ရအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ၊ဘယ်လိုအစားအစာတွေကိုစားသင့်သလဲ၊ ဘာတွေကိုရှောင်ကြဉ်သင့် သလဲဆိုတာကိုသိထားဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့အချိန်ကြာလာရင် ကျန်းမာရေးကိုထိခိုက်နိုင်တဲ့ပြဿနာတွေပေါ်လာနိုင်ပါတယ်။ လူတွေရဲ့ကိုယ်တွင်း အဂါင်္မှာလုပ်ဆောင်နိုင်တာတွေကစွမ်းအားတွေရရှိလို့ပဲဖြစ်ပါတယ်။
 
ဒီစွမ်းအားတွေကလည်း လူတို့နေ့စဉ်စားနေတဲ့အစားအစာတွေကပဲပုံမှန်ရရှိနေတာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအားတွေကိုကာဗွန်ဟိုက်ဒြိပ် မှရရှိပြီးတော့ကြွက်သားတွေတည်ဆောက်ဖို့နဲ့ခန္ဓာကိုယ်ကြီးထွားဖို့ပြုပြင်ပြောင်းလဲပေးဖို့အတွက်ကိုတော့ပရိုတင်းဓာတ်ကပြုလုပ်ပေးပါတယ်။ အစားအစာတွေကို လောင်ကျွမ်းစေပြီးတော့စွမ်းအားတွေကိုပေးဆောင်နိုင်တာကတော့ဗီတာ မင်နဲ့သတ္တုဓာတ်တွေပဲဖြစ်ပါတယ်။
 
ခန္ဓာကိုယ်ရဲ့သုံးပုံပုံနှစ်ပုံကိုရေနဲ့တည်ဆောက်ထားတဲ့အတွက်ကြောင့်ရေက လည်းအရေးကြီးဆုံးကဏ္ဍမှာပါဝင်နေပါတယ်။စိတ်ဖိစီးမှုတွေလျော့ချပေးမယ်၊ကိုယ်လက်လေ့ကျင့်ခန်းကိုပုံမှန်လုပ်ပေးမယ်၊တစ်နေ့ကိုမိနစ်၃ဝလောက်လမ်းလျှောက်ပေးသင့်ပါတယ်၊စိတ်ဖိစီးမှုကိုဖြေလျော့ပေးပြီးတော့အတွေးအခေါ်ပိုင်းမှာလည်းကောင်းတဲ့ဘက်ကတွေးတောဆင်ခြင်ပေးဖို့လည်းလိုအပ်ပါတယ်။
 
သန့်ရှင်းလက်ဆက်တဲ့အစားအစာတွေ၊ စိတ်ကြည်လင်လန်းဆန်းတဲ့အစားအစာတွေကိုစားသုံးပေးဖို့လည်းလိုအပ်ပါတယ်။ ဥပမာ-သံပုရာရည်ကိုသောက်ပေးလို့ရပါတယ်။သံပုရာရည်ကိုသောက်မယ်ဆိုရင်စိတ်ကိုလန်းဆန်းစေတဲ့အပြင်ခန္ဓာ ကိုယ်ထဲက အလက်ထရိုလိုက်စ်ကိုလည်းပြန်ပြီးတော့ထိန်းညှိပေးပါတယ်။
 
သန့်ရှင်းလတ်ဆက်တဲ့အသီးအနှံတွေ ကိုပိုပြီးတော့စားသုံးပေးသင့်ပါတယ်။အသီးအနှံမှာဆိုရင်အမျှင်ဓာတ်တွေအများကြီးပါဝင်တယ်၊ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေအများကြီးပါဝင်တဲ့အတွက်ကျန်းမာရေးနဲ့လည်းညီညွတ်စေသလို၊အာဟာရလည်းဖြစ်စေတယ်၊စိတ်ကိုလည်းကြည်လင်လန်းဆန်းစေပါတယ်။BLUEBERRY မှာဆိုရင်ဗီတာမင်ဓာတ်ပါဝင် တဲ့အတွက်ကြောင့်မျက်စိအားကိုကောင်းစေတယ်။
 
ငှက်ပျောသီးနဲ့ ပန်းသီးဟာဆိုရင်ခန္ဓာကိုယ်တွက်လိုအပ်တဲ့စွမ်းအားတွေကိုပေးဆောင်စေနိုင်ပါတယ်။ထို့ကြောင့်ခန္ဓာကိုယ်ကျန်းမာဖို့အတွက်၊စိတ်ကြည်လင်လန်းဆန်းဖို့အတွက်နေထိုင်မှုစနစ်တွေကိုပြောင်းလဲပေးသင့်တယ်။ကျန်းမာရေးနဲ့မညီညွတ်တဲ့ဆီကြော်စာတွေကိုလျော့စားပေးပြီးတေ့ာ၊ဆေးလိပ် ၊ အရက်သောက်တာတွေကိုရှောင်ကြဉ်ပေးမယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့သန့်ရှင်းလတ် ဆက်တဲ့အစားအစာတွေကိုစားသုံးပေးမယ်ဆိုရင်ကျန်းမာရေးအတွက်ပိုပြီးသင့်လျော်သလိုစိတ်ကိုလည်းရွင် လန်းစေမှာဖြစ်တဲ့အတွက်ကြောင့်စားသုံးပေးသင့်ပါတယ်။
 

10 Jun 2015     1,382 Views




RELATED

Most Popular of Health Fix

Most Popular of Life Style