BEC-TERO TV

စပိန်ကလပ်အသင်းတွေသာကြီးစိုးထားခဲ့သည့် ဥရောပပြိုင်ပွဲများ

19 Sep 2017     1,269 Views


ဥရောပရဲ့အဆင့်မြင့်ဆုံးပြိုင်ပွဲနှစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ပြိုင်ပွဲချန်ပီယံဆုကို၊နောက်ဆုံး(၁၀)နှစ် အတွင်း စပိန်ကလပ်အသင်းတွေက အများဆုံးဗိုလ်စွဲခဲ့ကြတာကိုတွေ့ရပါတယ်။စပိန်လာလီဂါကလပ်အသင်းတွေဖြစ်တဲ့ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊အက်သလက်တီကိုနဲ့ဆီဗီလာအသင်းတို့ ဟာ အင်အားတောင့်တင်းတဲ့အသင်းတွေဖြစ်ပြီး၊ အဆိုပါကလပ်အသင်တွေဟာ နှစ်စဉ်ဥရောပပြိုင်ပွဲတွေမှာ ဗိုလ်စွဲထားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့နောက်ဆုံး (၁၀) နှစ်အတွင်း ချန်ပီယံဆုကို စပိန်ကလပ် အသင်းတွေက (၆) ကြိမ်ဗိုလ်စွဲထားနိုင်ခဲ့ပြီး၊အင်္ဂလန်ကလပ်အသင်းတွေက (၂) ကြိမ်နဲ့ ဂျာမန်ကလပ်အသင်း တွေက (၂) ကြိမ်သာဗိုလ်စွဲထားပါတယ်။ စပိန်လာလီဂါရဲ့ထိပ်သီး(၂)သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ နောက်ဆုံး(၁၀)နှစ်အတွင်းမှာ ချန်ပီယံလိဂ်ဆုဖလားကို(၃)ကြိမ်စီ ဆွတ်ခူး ထားခဲ့ပြီး၊အခြားအင်အားကြီးပြိုင်ဘက်ဖြစ်တဲ့ အက်သလက်တီကိုအသင်းက ဗိုလ်လုပွဲကို (၂) ကြိမ်အထိ တက်ရောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်ယူရိုပါလိဂ်ပြိုင်ပွဲကျင်းပခဲ့တဲ့ နောက်ဆုံး (၁၀) နှစ်အတွင်းမှာ လည်း စပိန်ကလပ်အသင်းတွေက (၆) ကြိမ်အထိ ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပြီး၊ (၅) ကြိမ် ဗိုလ်စွဲထားနိုင် ခဲ့တာဖြစ်ပါတယ်။ အဆိုပါ(၅)ကြိမ်မှာ အက်သလက်တီကိုအသင်းက (၂) ကြိမ်ဗိုလ်စွဲထားနိုင်ခဲ့ပြီး ဆီဗီလာ အသင်းက (၂၀၁၃-၂၀၁၄) ဘောလုံးရာသီမှ (၂၀၁၅-၂၀၁၆) ဘောလုံးရာသီအထိ(၃)နှစ်ဆက်တိုက်ဗိုလ်စွဲထား နိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ယခင်တစ်ပတ်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွေမှာ ဘာစီလိုနာ အသင်းနဲ့ရီးရဲလ်မက်ဒရစ်အသင်းတို့က ဂိုးပြတ်နိုင်ပွဲရခဲ့ပြီး၊ အက်သလက်တီကိုအသင်းက အဝေးကွင်းမှာ ရိုးမား အသင်းနဲ့သရေကျခဲ့သလို၊ဆီဗီလာအသင်းကလည်း အဝေးကွင်းမှာ လီဗာပူးလ်အသင်းကိုသရေရလဒ် ထွက် ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း စပိန်ကလပ်အသင်းတွေဖြစ်တဲ့ ဗီလာ ရီးရဲလ်အသင်းနဲ့ဆိုစီဒက်အသင်းတို့က ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး၊ ဘီဘာအိုအသင်းက ဂျာမန်ကလပ် ဟာသာဘာလင်အသင်းကို အဝေးကွင်းမှာ သရေရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်မှထိပ်သီးကလပ်(၅)သင်းအထိ ပါဝင်နေတာကြောင့် စပိန်ကလပ် အသင်း တွေအနေနဲ့အဆိုပါအသင်းတွေကိုကျော်ဖြတ်ပြီး၊ယခင်နှစ်တွေကအတိုင်း ရလဒ်ကောင်းတွေရရှိအောင် ထပ်မံ စွမ်းဆောင်သွားနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။


19 Sep 2017     1,269 Views




RELATED

Most Popular of Football

Most Popular of Sport