BEC-TERO TV

ပလိပ်ရောဂါအကြောင်းသိကောင်းစရာ

10 Jun 2015     1,890 Views


ပလိပ်ရောဂါဟာဆိုရင် ဘတ်တီးရီးယားရာဂါပိုးကြောင့်ဖြစ်ပါတယ်။  ဘက်တီးရီးယားရောဂါပိုးက တစ်ယောက်နဲ့တစ်ယောက်ကူးစက်တက်ပါတယ်။ရောဂါကူးစက်ထားတဲ့ သန်ကောင်ကနေတစ်ဆင့် ကိုက်ခြင်းအားဖြင့် လူတွေဆီကိုကူးစက်နိုင်ပါတယ်။ဒီရောဂါကိုသေချာကုသမှုမခံယူဘူးဆိုရင် အသက်ဆုံးရှူံးတဲ့ထိ ဖြစ်နိုင်ပါတယ်။
 
ရောဂါလက္ခဏာအနေနဲ့ကတော့အခြေနေ (၃)ရပ်ရှိပါတယ်။ အကျိတ်ထွက်တဲ့ ပလိပ်ရောဂါလို့ပြောလို့ရပါတယ်။ ဂျိုင်းကြား၊ ပေါင်ကြားတွေမှာ အကျိတ်တွေ ထွက်လာပါတယ်။အဲ့အကျိတ်တွေက နာမယ်၊ မာမယ်၊ခေါင်းကိုက်မယ်၊ ချမ်းတုန်မယ်၊ ဖျားမယ် အဲ့တာတွေ ဖြစ်လာတက်ပါတယ်။
 
အဲ့လိုဖြစ်ပြီဆိုရင်တော့ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်။နောက်တစ်မျိုးကတေ့ာသွေးထဲမှာအဆိပ်တက်တဲ့ ပလိပ်ရောဂါပဲဖြစ်ပါတယ်။ဒီအဆင့်ကတော့အသက်အန္တရာယ်ကိုစိုးရိမ်ရပါတယ်။နောက်တစ်ဆင်ကတော့သွေးလန့်တဲ့ လက္ခဏာအထိတောင်ဖြစ်ပွားနိုင်ပါတယ်။အဆုတ်မှာဖြစ်တဲ့ ပလိပ်ရောဂါ၃ခုရှိပါတယ်။
 
အဆုတ်မှာဖြစ်တဲ့ပလိပ်ရောဂါမှာဆိုရင်ချောင်းဆိုးမယ်၊ချောင်းဆိုးရင်သွေးပါမယ်။အသက်ရှူကြပ်လာမယ်။မောလာမယ်၊ပျို့ချင်အန်ချင်စိတ်တွေ ဖြစ်လာပါမယ်။ကိုယ့်ပတ်ဝန်းကျင်မှာကိုက်ဖြတ်တက်တဲ့သတ္တဝါတွေ အများကြီးစုနေမယ်၊ ပတ်ဝန်းကျင်ညစ်ပတ်နေတယ်ဆိုရင်သတိထားဖို့လိုပါတယ်။ပလိပ်ရောဂါက ကျေးရွာ၊ တောရွာမှာတင်ဖြစ်တာမဟုတ်ပဲ  မြို့ပြလူဦးရေထူူထပ်တဲ့နေရာ ၊ ကြွက်ပေါတဲ့နေရာတွေမှာလည်း ပလိပ်ရောဂါဖြစ်နိုင်ချေများပါတယ်။တိရစ္ဆန်မွေးတဲ့လူတွေမှာလည်းဒီရောဂါဖြစ်ဖို့အခွင့်အလမ်းတွေ ရှိပါတယ်။ထို့ကြောင့်သတိထားဖို့လိုပါတယ်။
 
နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ဘတ်တီးရီးယားပိုးဟာ ပြင်းထန်လာပြီဆိုရင် အသက်သေဆုံးတဲ့ထိဖြစ်နို်င်ပါတယ်။အသားပုတ်အနာတွေ ၊ဦးနှောက်အမြှေးရောင်တာတွေ ဖြစ်တက်ပါတယ်။ကာကွယ်တဲ့အနေနဲ့ ကြွက်တွေ အန္တရာယ်က မရှိအောင်ကိုယ့်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားဖို့လိုပါတယ်။တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကလည်း အရမ်းကိုအရေးကြီးပါတယ်။ထိုနည်းတွေနဲ့ပလိပ်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။

10 Jun 2015     1,890 Views




RELATED

Most Popular of Health Fix

Most Popular of Life Style