BEC-TERO TV

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ နည်းပြဇီဒန်း

22 Sep 2017     1,261 Views


ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခင်နှစ်က အောင်မြင်မှုတွေရယူပေးနိုင်ခဲ့တဲ့ နည်းပြဇီဒန်းကို သက်တမ်း တိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။နည်းပြဇီဒန်းဟာ အသင်းကို (၂၀၁၆)ခုနှစ်၊ဇန်န၀ါရီလက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းကို ယခင်နှစ်က ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါအမှတ်ပေးဖလားတွေကို ရယူပေးနိုင်ခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာ သီစပိန်စူပါဖလားပြိုင်ပွဲမှာလည်း အခါးသီးဆုံးပြိုင်ဘက်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကိုအနိုင်ယူခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ နည်းပြဇီဒန်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဆုဖလား (၂)ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာ ပထမဦးဆုံး(၂)နှစ်ဆက် ချန်ပီယံအသင်းအ ဖြစ်မှတ်တမ်းဝင်စေခဲ့ပါတယ်။

နည်းပြဇီဒန်းဟာ ယခုနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့စာချုပ် သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အောင်မြင်မှုတွေ ဆွတ်ခူးပေးနိုင်ခဲ့တဲ့ နည်းပြဇီဒန်းကို ရီးရဲလ်မက်ဒရစ် အသင်းကသက် တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ နည်းပြဇီဒန်းဟာ ယခုနှစ်သြဂုတ်လကတည်းက အသင်းနဲ့စာချုပ်သက်တမ်း တိုးဖို့ဆွေးနွေးခဲ့တာဖြစ်ပြီး ချုပ်ဆိုခဲ့တဲ့စာချုပ်သက်တမ်းကိုတော့ တရားဝင်ထုတ်ပြန်နိုင်ခြင်း မရှိသေးတာဖြစ် ပါတယ်။ ရီးရဲလ်မက်ဒရစ် စီနီယာအသင်းကို မကိုင်တွယ်စဉ်က ရီးရဲလ်မက်ဒရစ် အရန်အသင်းကိုကိုင်တွယ်ခဲ့ တာဖြစ်ပြီး (၂၀၁၆)ခုနှစ်၊ဇန်န၀ါရီလမှာတော့ ရီးရဲလ်မက်ဒရစ်စီနီယာအသင်းရဲ့နည်းပြအဖြစ် ဘင်နီတက်ဇ် နေရာမှာ ပြောင်းလဲတာဝန်ယူ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့ဂန္တ၀င်ကစားသမားဟောင်း တစ်ဦးလည်း ဖြစ်တဲ့နည်းပြဇီဒန်းဟာ နည်းပြဘ၀မှာအောင်မြင်မှုတွေရနေသလို ကစားသမားဘ၀မှာလည်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဇီဒန်းဟာ ကစားသမားဘ၀မှာ ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ်အသင်းတွေနဲ့ အောင်မြင်မှု တွေရယူနိုင်ခဲ့သလို ပြင်သစ်လက်ရွေးစင်အသင်းနဲ့လည်း (၁၉၉၈)ခုနှစ်မှာ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့သူဖြစ် ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြဇီဒန်းကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သလို ကစားသမားတွေကိုလည်း စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီး ကာဗာဂျယ်၊မာဆယ်လိုနဲ့ အစ္စကိုတို့ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။


22 Sep 2017     1,261 Views




RELATED

Most Popular of Football

Most Popular of Sport