BEC-TERO TV

ထိုင်းနိုင်ငံကို အခုနှစ်အတွင်းဝင်ရောက်သည့် နိုင်ငံခြားသားခရီးသွား(၂၃)သန်းကျော် အထိရှိ

22 Sep 2017     1,238 Views


ပြီးခဲ့တဲ့(၈)လအတွင်း နိုင်ငံခြားသားခရီးသွားဦးရေ(၂၃)သန်းကျော် ထိုင်းနိုင်ငံကို ၀င်ရောက်ခဲ့ပြီး ထိုင်းဘတ်ငွေ(၁)ဒဿမ(၇)ထရီလီယံကျော်အထိ ၀င်ငွေရခဲ့တယ်လို့ ထိုင်းခရီးသွားဝန်ကြီးဌာနက ပြောပါတယ်။ သြဂုတ်လတစ်လတည်းအတွင်း ထိုင်းနိုင်ငံကို နိုင်ငံခြားသားခရီးသွားဝင်ရောက် နှုန်းဟာ(၃)သန်းကျော်ရှိခဲ့ပြီး ဒီအရေအတွက်ဟာ အရင်နှစ်(၈)လပိုင်းကထက်စာရင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှာ အများဆုံးအနေနဲ့စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို လာရောက်ခဲ့သူ တွေထဲမှာ တရုတ်နိုင်ငံသားခရီးသွားအများဆုံးဖြစ်ပြီး မလေးရှား၊တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံသား တွေက အစဉ်လိုက်အများဆုံးအနေနဲ့ရှိနေတယ်လို့ ထိုင်းခရီးသွားနဲ့အားကစားဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဖောင်ပန်နူအက်စ်ဗက်တရန်ဒရာကပြောပါတယ်။ ထိုင်းနိုင်ငံကိုဝင်ရောက်တဲ့ နိုင်ငံခြားသားခရီးသွားဦးရေမြင့်တက်လာတာဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားမှု များနေတဲ့အတွက်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ယခုနှစ် နှစ်စကနေ သြဂုတ်လအထိ(၈)လအတွင်း ထိုင်းနိုင်ငံဟာ နိုင်ငံခြားသား ခရီးသွားဦးရေ(၂၃)သန်းခွဲလောက်ကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ထိုင်းဘတ်ငွေ(၁)ဒဿမ(၇)ထရီလီယံ ကျော်အထိဝင်ငွေရရှိခဲ့ပါတယ်။ယခုနှစ်အတွက် ကျန်တဲ့လတွေမှာ ထိုင်းနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသားခရီးသွားဦးရေဟာ တိုးလာဦးမယ်လို့ ထိုင်းခရီးသွားဝန်ကြီးဌာနက ခန့်မှန်းပြောဆို ပါတယ်။ ယခုတစ်နှစ်လုံးမှာ နိုင်ငံခြားသားခရီးသွားဦးရေ(၃၅)သန်းကျော်ကထိုင်းနိုင်ငံကို လာရောက် မှာဖြစ်ပြီး ၀င်ငွေအနေနဲ့ထိုင်းဘတ်ငွေသန်းပေါင်း (၁)ဒဿမ(၈)ထရီလီယံကျော် ရရှိနိုင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက်သုတေသနဌာနတစ်ခုက ခန့်မှန်းပြောဆိုထားပါတယ်။


22 Sep 2017     1,238 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS