BEC-TERO TV

ပန်းနာရင်ကျပ်ခြင်းရောဂါအကြောင်းသိကောင်းစရာ

10 Jun 2015     1,573 Views


ပန်းနာရင်ကြပ်ရောဂါက အသက်ရှူလမ်းကြောင်းလမ်းတစ်ဖြေးဖြေးနဲ့ကျဉ်းသွားပြီးတော့အဆုတ်ထဲမှာအထွဲ လေးတွေဖြစ်လာပါတယ်။အဲ့လိုဖြစ်လာတဲ့အခါမှာဆိုရင် အသက်ရှူကြပ်လာတယ် ၊ ဝှီဝှီဆိုပြီးအသံတွေထွက် လာတယ် အဲ့လိုဖြစ်တဲ့ရောဂါလို့ယေဘုယျပြောလို့ရပါတယ်။ ပန်းနာရင်ရောဂါကိုပျောက်ကင်းအောင်ကုလို့မရပါ ဘူး။
 
သူ့ရဲ့ရောဂါလက္ခဏာတွေကိုတော့ထိန်းချုပ်လို့ရပါတယ်။ရောဂါလက္ခဏာတွေကတော့ အသက်ရှူကြပ်လာ မယ်၊ ချွဲထမယ်၊ ချောင်းဆိုးမယ်၊ရင်ဘက်တွေကြပ်လာမယ်၊ အသက်ရှူခက်လာမယ် စတာတွေကိုခံစားရပါမယ်။ တစ်ခါတစ်လေ အရမ်းခံစားရတဲ့သူတွေဆိုရင်အသက်ရှူတွေ ကြပ်လာပြီးတော့အသက်အန္တရာယ်တောင်ဖြစ်နိုင် တဲ့အနေအထားထိရှိပါတယ်။
 
အမှုန်အမွှားတွေ ၊ ပန်းဝတ်မှုလေးတွေ ၊ အနံ့စူးစူးတွေ ၊ကိုရှူမိတဲ့အခါဖြစ်တက်ပါ တယ်။ အေးလွန်း ပူလွန်းရင်လည်းကြပ်တက်သလို ဖုန်ထူတဲ့နေရာတွေကို သွားမိတဲ့အခါမှာလည်းချက်ချင်းထ ကြပ်တက်လာပါတယ်။ တစ်ချို့ပန်းနာရင်ကြပ်တွေက လေ့ကျင့်ခန်းလုပ်ရင်းကြပ်တက်တာလည်းရှိပါတယ်။ 
 
ဓာတ်မတည့်တာကိုစားမိတဲ့အခါမှာလည်းကြပ်တက်ပါတယ်။ချောင်းဆိုး ၊ချွဲထ၊အသက်ရှူကြပ်တာတွေကိုပြင်း ပြင်းထန်ထန်ခံစားရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။အသက်အန္တရာယ်ကိုထိခိုက်နိုင်တဲ့အထိဖြစ် တက်သောကြောင့်ဖြစ်ပါတယ်။ကုသမှုအနေနဲ့ကတော့သောက်ဆေးသောက်လို့ရပါတယ်၊ ထိုးဆေးထိုးလို့ရ တယ်၊ ရှူဆေးရှူလို့ရတယ်။ဒီထက်ဆိုးရင်တော့အငွေ့ရှူစက်နဲ့ ရှူလို့ရပါတယ်။ 
 
ကာကွယ်တဲ့အနေနဲ့ ဖုန်ထူတဲ့ နေရာတွေမသွားသင့်ပါဘူး။အနံ့ဆိုးတွေ မခံမိအောင်ကိုယ့်ကိုယ်ကိုရှောင်ကြဉ်ရပါမယ်။ဆေးလိပ်ငွေ့တွေ မရှူမိ ဖို့လိုတယ်။ဖော်ပြခဲ့တဲ့နည်းတွေနဲ့ ပန်းနာရင်ကြပ်ဖြစ်နေတဲ့သူတွေကဒီထက်အခြေနေမဆိုးဝါးအောင်ကိုယ့်ကိုယ် ကိုကာကွယ်လို့ရပါတယ်။

10 Jun 2015     1,573 Views




RELATED

Most Popular of Health Fix

Most Popular of Life Style