BEC-TERO TV

ရာထူးမှ တစ်နှစ်ရပ်ဆိုင်းခြင်းခံခဲ့ရတဲ့ ဂျူဗင်တပ်အသင်းဥက္ကဌ

28 Sep 2017     1,235 Views


ဂျူဗင်တပ်အသင်းဥက္ကဌအက်ဂ်နယ်လီဟာ မားဖီးယားဂိုဏ်းတွေနဲ့ အချိတ်အဆက်ရှိနေတဲ့ပရိသတ် တွေကို လက်မှတ်မှောင်ခိုရောင်းချခဲ့တာကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်က ဒဏ်ရိုက်ခဲ့သလို ဥက္ကဌရာထူး မှလည်းတစ်နှစ်ဆိုင်းငံ့စေခဲ့ရပါတယ်။ဂျူဗင်တပ်အသင်းရဲ့ဥက္ကဌ အက်ဂ်နယ်လီဟာ ဆူပူသောင်းကျန်းမှုတွေကိုလုပ်ဆောင်မယ့် ပရိသတ် တွေကို မှောင်ခိုလက်မှတ်ပြန်လည်ရောင်းချခဲ့တယ်လို့ တရားစွဲခံခဲ့ရတာဖြစ်ပြီး ဂျူဗင်တပ်အသင်းကပါ ဒဏ် ကြေးပေးဆောင်ရမှာလည်းဖြစ်ပါတယ်။ အဆိုပါအမှုအတွက် ဂျူဗင်တပ်အသင်းအပြင် တခြားစီးရီးအေ ကလပ်အသင်း (၃)သင်းပါဒဏ်ရိုက်ခံခဲ့ရပြီး အက်ဂ်နယ်လီဟာ ဒဏ်ကြေးယူရို(၂)သောင်း ပေးဆောင်ရမှာ ဖြစ်သလို ဂျူဗင်တပ်အသင်းကလည်း ယူရို(၃)သိန်းအထိ ဒဏ်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်။

အက်ဂ်နယ် လီအနေနဲ့ဒဏ်ကြေးသာ ပေးဆောင်ခဲ့ရတာမဟုတ်ပဲ ဥက္ကဌရာထူးမှတစ်နှစ် ဆိုင်းငံ့ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါအမှုကို အီတလီနိုင်ငံရဲ့ ထိပ်တန်းရှေ့နေတစ်ဦးဖြစ်တဲ့ ပီကိုရာရိုကကိုင်တွယ်ခဲ့တာဖြစ်ပြီး ဂျူဗင်တပ် အသင်းဥက္ကဌကို ရာထူးမှတစ်နှစ်ရပ်ဆိုင်းဖို့နဲ့ ဒဏ်ကြေးပေးဆောင်စေဖို့အတွက် အီတလီဘောလုံးအဖွဲ့ချုပ်ထံ တင်ပြခဲ့ တာဖြစ်ပါတယ်။ ပီကိုရာရိုအနေနဲ့ ပြစ်မှုမှာပါဝင်ပတ်သက်နေသူအားလုံးကို ဖော်ထုတ်နိုင်ခဲ့တဲ့ အတွက် ကျေနပ်မိကြောင်းနဲ့ သူတို့အားလုံးကို ပြင်းပြင်းထန်ထန် အရေးယူသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ပီကိုရာရို ဟာ ဂျူဗင်တပ်အသင်းကို အိမ်ကွင်း(၂)ပွဲ ကွင်းပိတ်ကစားဖို့တောင်းဆိုခဲ့ပြီး အက်ဂ်နယ်လီနဲ့ ဂျူဗင်တပ်အသင်း ဘက်ကလည်း အမှုကိစ္စအတွက် အယူခံဝင်သွားမှာလည်းဖြစ်ပါတယ်။ အက်ဂ်နယ်လီက အဆိုပါပြစ်မှုကို မကျူး လွန်ခဲ့ကြောင်း ငြင်းဆိုသွားခဲ့ပြီး မာဖီးယားဂိုဏ်းတွေနဲ့ဆက်နွယ်မှုရှိနေတဲ့ အသင်းပရိသတ်တစ်ဦးဖြစ်တဲ့ ဒိုမီ နယ်လိုနဲ့လည်း အဆက်အသွယ်မရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။


28 Sep 2017     1,235 Views




RELATED

Most Popular of Football

Most Popular of Sport