BEC-TERO TV

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် (WLC-3)တွင် တူးတူး(မြန်မာ)နှင့် ဘာဒါတို(ဖိလစ်ပိုင်)တွဲဆိုင်းသာ ရွှေခါးပတ်ချီးမြှင့်မည်

02 Oct 2017     1,481 Views


ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် (WLC)တွင် တူးတူး(မြန်မာ)နှင့် ဘာဒါတို(ဖိလစ်ပိုင်)တွဲဆိုင်းသာ ရွှေခါးပတ်ပေးမည်ဖြစ်ပြီး ကျန်တွဲဆိုင်းများကို ရွှေခါးပတ်ပေးမည်မဟုတ်ကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီမှ သိရသည်။ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် (WLC)ကိုတွဲဆိုင်းရှစ်ဆိုင်းဖြင့် နိုဝင်ဘာ ၄ ရက်တွင် သုဝဏ္ဏအမျိုးသားအားကစားရုံ(၁)၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဓိကတွဲဆိုင်းအဖြစ် တူးတူး(မြန်မာ) နှင့် ဘာဒါတို(ဖိလစ်ပိုင်)၊ စောငမန်း(မြန်မာ)နှင့် အက်ဒီဖာရက်(သြစတေးလျ)၊ စိုးလင်းဦး(မြန်မာ)နှင့် အူမာ(ယူဂန္ဓာ) တို့တွဲဆိုင်းများပါဝင်နေပြီး ကျန်တွဲဆိုင်းငါးဆိုင်းတွင်ပါဝင်နေသည့် သွေးသစ်ဝင်းလှိုင်၏ တွဲဆိုင်း၊ ဖိုးလပြည့်၏တွဲဆိုင်းတို့ကို အောက်တိုဘာ ၈ ရက်နောက်ပိုင်းတွင် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။

အဆိုပါတွဲဆိုင်းများအနက် စိုးလင်းဦး(မြန်မာ)က ပြိုင်ဘက်အူမာ(ယူဂန္ဓာ)နိုင်ငံသားနှင့် ပတ်သက်ပြီး “အူမာကဲ ပြိုင်ဘက်ကောင်းတစ်ယောက်ပါ။ ကျွန်တော်အနေနဲ့ အများကြီးတော့ မပြောချင်ပါဘူး။အရင်ကထက် ပိုမိုကြိုးစားနေပြီး ပရိတ်သတ်တွေအတွက် နိုင်ပွဲပြန်ယူပေးဖို့ ဆန္ဒပြင်းပြနေပါတယ်။

Soure : Democracy


02 Oct 2017     1,481 Views




RELATED

Most Popular of Boxing

Most Popular of Sport