BEC-TERO TV

ကွင်းပိတ်ကစားခဲ့ရသည့် ဘာစီလိုနာအသင်း

03 Oct 2017     1,276 Views


လာလီဂါပွဲစဉ်(၇)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ လက်ပါးမက်အသင်းတို့ပွဲစဉ်ကို ဘာစီလိုနာအသင်းအခြေစိုက်ရာ ကက်တလန်ဒေသမှာ လူထုအုံကြွမှုတွေမြင့်တက်နေတဲ့အတွက် ကွင်းပိတ်က စားခဲ့ရပါတယ်။

ဘာစီလိုနာအသင်းနဲ့ လက်ပါးမက်အသင်းတို့ယှဉ်ပြိုင်ကစားတဲ့နေ့မှာပဲ ကက်တလန်ဒေသဟာ စပိန် ထံမှ လွတ်လပ်ရေးရဖို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး စပိန်အစိုးရက အဲဒီဆန္ဒခံယူပွဲကို အသိအ မှတ်မပြုပဲ နှိမ်နင်းမှုတွေပြုလုပ်ခဲ့ပါတယ်။

ဒါ့ကြောင့်ကက်တလန်ပြည်သူတွေမှ ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပြီး ရဲတွေနဲ့ အချင်းများမှုများရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စပိန်ဘောလုံးအဖွဲ့ ချုပ်ထံ ပွဲစဉ်ရွေးဆိုင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် စပိန်ဘောလုံးအဖွဲ့ချုပ်က ငြင်းဆိုခဲ့ပြီး ပြိုင်ပွဲယှဉ်ပြိုင်မကစား ဘူးဆိုရင် အမှတ်လျော့ပြစ်ဒဏ်ချမှတ်မယ်လို့ သတိပေးခဲ့ပါတယ်။

ဘာစီလိုနာဥက္ကဋ္ဌဘာတိုမှုက ပြိုင်ပွဲယှဉ်ပြိုင် ကစားမှုမရှိဘူးဆိုရင် (၆)မှတ်လျော့ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပြီး ပွဲစဉ်မကစားတဲ့အတွက်(၃)မှတ်လျော့ပြစ်ဒဏ်နဲ့ ပွဲစဉ်ဖျက်သိမ်းခဲ့တဲ့အတွက် ပြိုင်ဘက်အသင်းကိုအနိုင်ပေးရမယ့် အခြေအနေတွေကြောင့်ပွဲကို ကစားဖို့ဆုံးဖြတ် ခဲ့တယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

လက်ပါးမက်နဲ့ ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းက မက်ဆီရဲ့ သွင်းဂိုး(၂)ဂိုး၊ ဘက်စကွက်ရဲ့သွင်းဂိုး(၁)ဂိုးနဲ့ (၃)ဂိုးပြတ်အနိုင်ရရှိပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကိုဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင်(၂)ဂိုးသွင်းယူခဲ့တဲ့ မက်ဆီကလည်း ပွဲစဉ်(၇)အပြီးမှာ သွင်းဂိုး(၁၀)ဂိုးထိရရှိခဲ့ ပြီဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ပါးမက်အသင်းနဲ့ပွဲစဉ်ကို ကွင်းပိတ်ကစားဖို့ ဘုတ်အဖွဲ့တာဝန်ရှိသူ တွေအကြေား အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး အသင်းရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဗယ်လာဟူဘီကတော့ သဘော ထားတိုက်ဆိုင်မှုမရှိတာကြောင့် ရာထူးမှနှုတ်ထွက်သွားခဲ့ပါတယ်။

ဒါ့အပြင် ကစားသမားတွေကြားမှာလည်း နောက်ခံလူ ပီကေးလ်အပါအ၀င် ပွဲစဉ်ကို ကစားဖို့ ငြင်းဆန်သူတွေရှိခဲ့ပြီး တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပါတယ်။

 


03 Oct 2017     1,276 Views




RELATED

Most Popular of Football

Most Popular of NEWS