BEC-TERO TV

တိုက်စစ်အစွမ်းပြမှုနှင့်အတူ စံချိန်တင်သစ်နိုင်ခဲ့သည့် နာပိုလီ

03 Oct 2017     1,298 Views


နာပိုလီအသင်းဟာ စီးရီးအေပွဲစဉ်(၇)မှာ ကက်ဂလီယာရီ အသင်းကို (၃)ဂိုးပြတ်အနိုင်ရရှိပြီး တိုက်စစ်ပိုင်းအစွမ်းပြနေသလို စီးရီးအေအဖွင့်ပွဲစဉ်(၇)ပွဲဆက်အနိုင်ရရှိတဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ် တမ်းဝင်ခဲ့ပါတယ်။

နာပိုလီအသင်းဟာစီးရီးအေပွဲစဉ်(၇)ပွဲကစားပြီးချိန်မှာ တိုက်စစ်က(၂၅)ဂိုးထိရရှိထားပြီး စီးရီးအေရဲ့ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေသလို အဲဒီ(၇)ပွဲစလုံးကို (၃)ဂိုးနဲ့အထက်သွင်းယူနိုင်ခဲ့ပါ တယ်။

ဒါ့အပြင် ပြိုင်ပွဲသမိုင်းတလျောက် အဖွင့်ပွဲစဉ်(၇)ပွဲဆက်အနိုင်ရရှိတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်း ၀င်ခဲ့ပြီး ဗီရိုနာ၊ အတ္တလန်တာ၊ ဘိုလော့နာ၊ဘီနီဘန်တို၊ လာဇီယို၊ SPAL ၊ ကက်ဂလီယာရီအသင်းတို့ကို ဆက် တိုက်အနိုင်ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဘီနီဘန်တိုအသင်းနဲ့ပွဲစဉ်မှာ (၆)ဂိုးပြတ်၊ လာဇီယိုအသင်းကိုလည်း အဝေး ကွင်းမှာ(၄)ဂိုး၊(၁)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ကျန်ပွဲစဉ်တွေမှာလည်း တစ်ပွဲကိုအနည်းဆုံး(၃)ဂိုးထိသွင်းယူခဲ့ပါတယ်။ အသင်းသမိုင်းမှာ စံချိန်သစ်တစ်ခုရေးထိုးနိုင်ခဲ့သလို 
တိုက်စစ်ပိုင်းသွင်းဂိုးတွေကလည်း အားရစရာအခြေအနေ မှာရှိနေပါတယ်။

လက်ရှိဥရောပထပ်တိုက်လိဂ်ပြိုင်ပွဲ(၅)ခုမှာ နာပိုလီအသင်းထက် ဂိုးပိုသွင်းထားတဲ့အသင်းက လိဂ်ပွဲစဉ်(၈)ပွဲကစားထားတဲ့ ပြင်သစ်လိဂ်ဂူးကလပ် PSG အသင်းသာရှိပြီး PSG အသင်းကလည်း လိဂ်ပွဲစဉ်(၇) ပွဲကစားပြီးချိန်မှာ (၂၁)ဂိုးသာသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် နာပိုလီအသင်းဟာ တိုက်စစ်ပိုင်းအကောင်း ဆုံးအခြေအနေတစ်ခုမှာ ရှိနေသလို စုဖွဲ့မှုကလည်း ချန်ပီယံဆုအတွက် ဂျူဗင်တပ်စ်အသင်းကို အကောင်းဆုံး စိန်ခေါ်နိုင်မယ့်အသင်းအဖြစ်ရှိနေပါတယ်။

လာမယ့်စီးရီးအေပွဲစဉ်(၈)မှာ နာပိုလီအသင်းက ရိုးမားအသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးသူတို့ရဲ့နိုင်ပွဲဆက်စံချိန်တစ်ခု ရှေ့ဆက်နိုင်ဦးမလားဆိုတာစောင့် ကြည့်ရမှာဖြစ်ပါတယ်။ လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းက ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းဖြစ်ပေ မယ့် နာပိုလီအသင်းကလည်း ချန်ပီယံဆုကို ရည်မှန်းခွင့်ရှိနေပြီဖြစ်ပါတယ်။

 


03 Oct 2017     1,298 Views




RELATED

Most Popular of Football

Most Popular of NEWS