BEC-TERO TV

အချက်အလက်လိမ်ညာမှုအရှုပ်တော်ပုံကို “ကိုဘဲစတီး” တာဝန်ရှိသူများ တောင်းပန်

16 Oct 2017     1,242 Views


ကိုဘဲစတီးကုမ္ပဏီဟာ ကုမ်္ပဏီထုတ်ပစ္စည်းတွေရဲ့ဒေတာအချက်အလက်တွေကို လိမ်ညာပြုပြင် ခဲ့မှုကို ကုမ္ပဏီခေါင်းဆောင်တွေက တောင်းပန်လိုက်ပါတယ်။ဒါ့အပြင် အရည်အသွေး အာမခံချက် အပြည့်ရှိရေးကိုကာကွယ်ဖို့ စီမံချက်တွေချသွားမယ်လို့လည်းကတိပေးလိုက်ပါတယ်။ အချက်အလက် လိမ်ညာမှုအရှုပ်တော်ပုံနဲ့ပတ်သက်တဲ့အသေးစိတ်နဲ့ကုမ်္ပဏီအတွင်း စစ်ဆေးမှုအခြေအနေကို ရှင်းပြဖို့ “ကိုဘဲစတီး” ဥက္ကဋ္ဌနဲ့အမှုဆောင်ချုပ် ဟီရိုရာခါဝါဆာကီဟာ ဂျပန်စက်မှုဝန်ကြီးဌာနကို သွားရောက်ခဲ့ပါတယ်။
 
လက်ရှိမှာ ပို့ဆောင်ထားပြီးဖြစ်တဲ့ ထုတ်ကုန်တွေရဲ့ ဘေးကင်းမှုကို စစ်ဆေးဖို့ကို ဦးစားပေးအနေနဲ့ ကုမ်္ပဏီဘက်က လုပ်ဆောင်နေပြီလို့လည်း အမှုဆောင်ချုပ်က ပြောထားပါတယ်။ ကုမ်္ပဏီရဲ့ထုတ်ကုန်တွေ ဘေးကင်းကြောင်း စစ်ဆေးမှုရလာဒ်တွေကို ၂ ပတ်အတွင်း ထုတ်ပြန် ကြေညာဖို့ ဂျပန်စက်မှုဝန်ကြီးဌာနက လမ်းညွှန်ထားတယ်လို့သိရပါတယ်။အလူမီနီယံ၊ကြေးနီနဲ့ သံမဏိမှုန့်တွေသုံးတဲ့ ထုတ်ကုန်တွေမှာ ဒေတာတွေကို အလုပ်သမားတွေက ပြင်ဆင်ခဲ့ကြဖွယ်ရှိတာကို ကုမ်္ပဏီတွင်း စစ်ဆေးမှုတစ်ခုက ပြသနေပါတယ်။
သံမဏိမှုန့်ကိုတော့ မော်တ်ာယာဉ်နဲ့စက်ပစ်္စည်းကိရိယာတွေထုတ်လုပ်ရာမှာ အသုံးပြုပါတယ်။သြဂုတ်လအတွင်း တစ်နှစ်တာအတွင်း ကုမ်္ပဏီပေါင်း ၂၀၀ လောက်ထံကို ကိုဘဲစတီးကုမ်္ပဏီကတင်ပို့ခဲ့တဲ့ကြေးနဲ့အလူမီနီယံထုတ်ကုန်တွေနဲ့ဆိုင်တဲ့ မလျှော်မကန်လုပ်ဆောင်မှု ပေါ်ပေါက်ခဲ့ပြီးနောက်မှာ အခုနောက်ဆုံးဖော်ထုတ်မှုထွက်ပေါ်လာပါ။
 

16 Oct 2017     1,242 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS