BEC-TERO TV

ပုဂံတွင် နိုင်ငံခြားသူတစ်ဦး တက်ရောင်ခွင့်မရှိသော ဘုရားပေါ်မှ ပြုတ်ကျသေဆုံး

09 Nov 2017     1,283 Views


ပုဂံတွင် နိုင်ငံခြားကျောင်းသူတစ်ဦး တက်ရောင်ခွင့်မရှိသော ဘုရားပေါ်မှ ပြုတ်ကျသေဆုံး

ပုဂံတွင် တက်ရောက်ခွင့်မပြုထားသော ဝတ္တနတောဘုရားပေါ်မှ နေဝင်ဆည်းဆာအလှကို ကြည်ရှုနေသော အမေရိကန်နိုင်ငံသူ အမျိုးသမီးတစ်ဦး ပြုတ်ကျကာ သေဆုံးခဲ့ပြီး ဘုရားမှ အရန်စေတီတစ်ဆူလည်း ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ဆာကူရာဟိုတယ်တွင် တည်းခိုနေထိုင်သော အမေရိကန်နိုင်ငံသူ အသက်(၂၁)နှစ်အရွယ် Ms. Braunkassanbra Arielle သည် နိုဝင်ဘာလ(၇) ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ဘုရားအမှတ် ၃၅၂/၂၁၃ ဝတ္တနတောဘုရားပေါ်သို့ နေဝင်ဆည်းဆာအလှကြည့်ရှုရန် ပေ ၂၀ အမြင့်ခန့်သို့ တက်ရောက်ခဲ့သည်။ နေဝင်ဆည်းဆာကြည့်ရှုနေစဉ် ရုတ်တရက် ပြုတ်ကျကာ မြေပြင်ပေါ်သို့ မှောက်လျက်အနေအထားဖြင့် ပြုတ်ကျခဲ့သည်။

ဒဏ်ရာများရရှိကာ သတိလစ်နေသဖြင့် ညောဦးဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်စဉ် ည ၆ နာရီ ၂၈ မိနစ်အချိန် လမ်းတွင် သေဆုံးသွားကြောင်း ဒီမိုကရေစီတူဒေးသတင်းတွင် ဖော်ပြပါရှိသည်။


အဆိုပါဖြစ်စဉ်နဲ့ပက်သက်၍ ဝတ္တနတောဘုရားဟာ သဘာဝဘေးဒဏ်များ နှစပေါင်းထောင်ချီခံထားရတဲ့အတွက် အန္တရာယ်ရှိသဖြင့် တက်ခွင့်ပြုထားသော ဘုရားမဟုတ်ကြောင်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီဌါန(ပုဂံဌါနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်က ပြောကြားခဲ့သည်။

Ms. Braunkassanbra Arielle သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ (၄) ရက်နေ့က WV World Oddsey ပင်လယ်ကူးသင်္ဘောကြီးဖြင့် လိုက်ပါလာသော ကျောင်းသူတစ်ဦးဖြစ်ပြီး သူမနဲ့အတူကျောင်းသူ၊ ကျောင်းသားပေါင်း ၅၅၀ ကျော် လိုက်ပါပြီး ရက်ပေါင်း ၁၀၆ ရက်အတွင်း ကမ္ဘာ့တိုက်ကြီး လေးတိုက်က ဂျာမနီ၊ စပိန်၊ တောင်အာဖရိက၊ အိန္ဒိယ၊ မြန်မာ စသည့် ၁၀ နိုင်ငံကို သွားရောက်လေ့လာနေခြင်းဖြစ်ကြောင်း သိရှိရသည်။
 


09 Nov 2017     1,283 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS