BEC-TERO TV

ခေတ်သစ်ငြိမ်းချမ်းရေး အများပိုင်ကုမ္ပဏီကို ယာဉ်လိုင်းပြေးဆွဲခွင့်ရုပ်သိမ်း

10 Nov 2017     1,218 Views


ရန်ကုန်မြို့တွင်း ပြေဆွဲနေသော YBS ယာဉ်လိုင်းစနစ်တွင် ဝင်ရောက်လုပ်ကိုင်နေသော ခေတ်သစ်ငြိမ်းချမ်းရေးအများပိုင်ကုမ္ပဏီသည် ဝန်ဆောင်မှုအပြည့်အဝ မပေးနိုင်ခြင်း၊ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် (YRTA) ၏ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိသည့်အတွက် Bus Operator တာဝန်မှ ရပ်စဲလိုက်ကြောင်း သတင်းရရှိသည်။

ခေတ်သစ်ငြိမ်းချမ်းရေး အများပိုင်ကုမ္ပဏီ လက်အောက်တွင် ပြေးဆွဲလျှက်ရှိသော YBS ယာဉ်လိုင်းအမှတ် (၁ ၊ ၉ ၊ ၁၆ ၊ ၂၂ ၊ ၄၁ ၊ ၃၁) ယာဉ်လိုင်းများကို စီမံအုပ်ချုပ်ရန် Golden Yangon City ကုမ္ပဏီ၊ TRI land ကုမ္ပဏီနှင့် Power Eleven ကုမ္ပဏီများကို လွှဲပြောင်ခွဲဝေတာဝန်ပေးအပ်ခဲ့ကြောင်း YRTA မှ သိရှိရသည်။

ခေတ်သစ်ငြိမ်းချမ်းရေး အများပိုင်ကုမ္ပဏီသည် YBS စနစ်စတင်ချိန်မှ ၁၀ လတာကာလအတွင်း ဝန်ဆောင်မှုအပြည့်အဝ မပေးနိုင်ခြင်း၊ သတ်မှတ်ခရီးစဉ်များထက် ကျော်လွန်ကာပြေးဆွဲခြင်း၊ YRTA ၏ ခွင့်ပြုချက်ကို ရယုခြင်းမရှိပဲ ယာဉ်အစီးရေ တိုးချဲ့ပြေးဆွဲခြင်းများ ပြုလုပ်ခဲ့သည့်အတွက် တာဝန်မှ ရုပ်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။

YBS စနစ်သစ်တွင် မော်တော်ယာဉ်အသစ်များ ယာဉ်လိုင်းတွင် ဝင်ရောက်ပြေးဆွဲလိုပါက YRTA ထံသို့ ပြေးဆွဲခွင့်လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှ ဝင်ရောက်ပြေးဆွဲနိုင်မည်ဖြစ်သည်။ သို့သော် အချို့ကုမ္ပဏီများက YRTAရဲ့ ခွင့်ပြုချက်မရပဲ ယာဉ်အစီးရေတိုးကာ  ယာဉ်လိုင်းထဲဝင်ရောက်ပြေးဆွဲနေတဲ့အတွက်  ယာဉ်အစီးရေများပြားလာပြီး YRTA ၏ ခွင့်ပြုချက်ဖြင့် ပြေးဆွဲနေသော ယာဉ်များခေါက်ရေနည်းတာကြောင့် ဝင်ငွေကျဆင်းစတဲ့ အခက်အခဲများရှိနေကြောင်း သိရှိရသည်။
 


10 Nov 2017     1,218 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS