BEC-TERO TV

ဂျပန်နိုင်ငံတွင် မူးယစ်ဆေးဝါးများ စံချိန်တင်ဖမ်းမိ

14 Nov 2017     1,276 Views


ဂျပန်နိုင်ငံမှာ ပမာဏအရရော တန်ဖိုးအရပါအများဆုံးဖြစ်တဲ့ မူးယစ်ဆေးဝါးတွေကို ပိုင်ဆိုင်ထားတယ်လို့ သံသယရှိသူ(၆)ဦးကို ဂျပန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့ ပါတယ်။ အန္တရာယ်ရှိတဲ့မူးယစ်ဆေးဝါးအမြောက်အများပိုင်ဆိုင်ထားတယ်လို့ သံသယရှိသူ(၆)ဦးကို ဂျပန်နိုင်ငံရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအာဏာပိုင်တွေကဖမ်းဆီးခဲ့ပါတယ်။
အသက်(၅၀)ခန့်ရှိပြီ ဖြစ်တဲ့ ဓမာနာဘူအီဝါမူရာဓနဲ့နောက်ထပ်(၅)ဦးကို တားမြစ်ထားတဲ့ မူးယစ်ဆေးဝါးအလေးချိန် ကီလို(၂၀)လောက်နဲ့ တိုကျိုမြို့တောင်ပိုင်း ဓကာဝါစာကီဓစီရင်စုမှာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ မူးယစ်တိုက်ဖျက်ရေးအရာရှိတွေက ပြောပါတယ်။
 
သံသယရှိသူတွေနေထိုင်တဲ့အိမ်ကို ထပ်မံရှာဖွေရာမှာတော့ မူးယစ်ဆေးဝါး ကီလို(၁၈၀)လောက်နဲ့ မူးယစ်ဆေးဝါးပြုလုပ်ဖို့လိုအပ်တဲ့ပါဝင်ပစ်္စည်းဖြစ်တဲ့ အပင် အလေးချိန် (၁)တန်ခွဲကျော်နဲ့ဓာတုပစ်္စည်းတွေကို တွေ့ရှိခဲ့တယ်လို့ မူးယစ်တိုက်ဖျက်ရေးအရာရှိတွေကပြောပါ တယ်။ယခုဖမ်းဆီးမှုဟာ ဂျပန်နိုင်ငံမှာ ဖမ်းမိတဲ့ မူးဆစ်ဆေးဝါးပမာဏအများဆုံးဖြစ်ပြီး တန်ဖိုးက ဂျပန်ယန်းငွေသန်း (၃)ထောင်ကျော်တန်ဖိုးရှိတယ်လို့ မူးယစ်တိုက်ဖျက်ရေးအရာရှိတွေက ပြောပါတယ်။မူးယစ်ဆေးဝါးထုတ်လုပ်ရေးမှာသုံးတဲ့ ပစ္စည်းတွေကိုပါဖမ်းဆီးရမိခဲ့တာပါ။
အီဝါမူရာဟာ လွန်ခဲ့တဲ့(၃)နှစ်ကတည်းက မူးယစ်ဆေးဝါးရောင်းနေတာဖြစ်ပြီး ရောင်းရငွေဟာ တစ်လကို အမေရိကန်ဒေါ်လာ(၁)သိန်းခွဲကျော်လောက် ရှိတယ်ဆိုပြီး ၀န်ခံပြောဆို ထားပါတယ်။အဓိကအားဖြင့် အွန်လိုင်းကရောင်းချတာ ဖြစ်တဲ့အတွက် ရောင်းဝယ်တဲ့ လမ်းကြောင်းတွေနဲ့ အချက်အလက်အသေးစိတ်တွေကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ဂျပန်မူးယစ်တိုက်ဖျက်ရေးအရာရှိတွေက ပြောထားပါတယ်။

14 Nov 2017     1,276 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS