BEC-TERO TV

Breaking News ! စင်ကာပူနိုင်ငံတွင် ရထားနှစ်စင်းတိုက်မိကာ ခရီးသည် ၂၃ ဦး ဒဏ်ရာရရှိ

15 Nov 2017     1,277 Views


နိုင်ဝင်ဘာ (၁၅) ရက် ယနေ့နံနက် ၈ နာရီဝန်းကျင်ခန့်တွင် စင်ကာပူနိုင်ငံ ဂျူကွန်းဘူတာရုံ၌ SMRT ရထားနှစ်စင်း တိုက်မိကာ ရထားပေါ်ပါလာသူ ခရီးသည် ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မျက်မြင်သက်သေတစ်ဦးဖြစ်သူ Mr.Ganeshan ဆိုသူက နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရထားစီ:လာခဲ့ပြီး ဂျူကွန်းဘူတာရုံအရောက်တွင် အခြားနေရာသို့ ခရီးဆက်ဖို့ ရထားပြောင်းစီးရန် ဘူတာရုံသို့ ဆင်းလိုက်စဉ် သူစီးလာသော MRT ရထားကို အခြားရထားတစ်စီးက နောက်ကနေ ဝင်တိုက်ကြောင်း ပြောပြခဲ့သည်။

တိုက်မိတဲ့အသံက အကျယ်ကြီးပဲ၊ ရထားပေါ်က ခရီးသည်တွေက အော်လိုက်ကြတာ ဆူညံသွားတာပဲ။ အဲဒီရထားလာနေတာကို ကျွန်တော်လှမ်းမြင်တယ် နီးလာရင် အရှိန်လျှော့ပြီး ရပ်သွားမယ်လို့ ထင်ထားတာ မရပ်ပဲ ရှေ့ကရထားကို ဝင်တိုက်မိတယ်” ဟု ဆိုပါတယ်။


အဆိုပါရထား မတော်တဆတိုက်မှုအတွက် ခရီးသည် ၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း Singapore Civil Defence Force က လူမှုကွန်ယက်စာမျက်နှာတွင် အသိပေးခဲ့ပါတယ်။


ခရီးသည် ၂၃ ဦးအပြင် SMRT ဝန်ထမ်း ၂ ဦးပါဒဏ်ရာရရှိခဲ့ပြီး Ng Teng Fong ဆေးရုံနဲ့ National University ဆေးရုံတို့မှာ ကုသမှုခံယူနေကြောင်း သတင်းရရှိသည်။
 


15 Nov 2017     1,277 Views




RELATED

Most Popular of International News

Most Popular of NEWS