BEC-TERO TV

ယာဉ်မတော်တဆမှုတွေကြောင့် နိုင်ငံအ၀ှမ်းတစ်ရက်ကို လူ(၁၆)ဦးခန့်သေဆုံးနေ

15 Nov 2017     1,254 Views


မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ယာဉ်မတော်တဆမှုတွေကြောင့် တစ်ရက်ကို လူ(၁၆)ဦးခန့် သေဆုံးနေတယ်လို့သိရပါတယ်။နိုင်ငံအ၀ှမ်းမှာ လူနေမှုစနစ်တွေဖွံဖြိုးတိုးတက်လာမှုနဲ့အတူ မော်တော်ယာဉ်အမျိုးမျိုးဟာလဲ ပြည်တွင်းကို အများအပြားဝင်ရောက်လာသလို အများပြည်သူကလဲ တွင်တွင်ကျယ်ကျယ်အသုံးပြုလာနေတာပါ။
 
ခုလို အသုံးပြုလာမှုနဲ့အပြိုင် ယာဉ်မတော်တဆ ဖြစ်ပွားမှုတွေဟာလဲ နှစ်စဉ်မြင့်တတ်လာသလို နေ့စဉ်နဲ့အမျှ မြင်တွေ့ကြားသိနေကြရတာလဲဖြစ် ပါတယ်။ ဒီနှစ် (၂၀၁၇)ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာတော့ ယာဉ်မတော်တဆမှုကြောင့် လူ(၂၈၆၂)ဦး သေဆုံးခဲ့ပြီး (၁၅၈၈၆)ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒီပမာဏာဟာ တစ်ရက်ကို လူ(၁၆)ဦးခန့်သေဆုံးနေပြီး (၈၈)ဦးထက်မနည်း ဒဏ်ရာရနေတာလဲဖြစ်ပါတယ်။ဒီအတွက် စည်ကမ်းထိန်းသိမ်းတာတွေ လုပ်ဆောင်နေမှုအပြင် အများပြည်သူသိရှိလိုက်နာနိုင်ဖို့ အသိပညာတွေ များများပေးဖို့လိုအပ်တယ်လို့လဲ ဒုရဲမှူးကြီးသိန်းဦးက ပြောပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီနဲ့ မြန်မာနိုင်ငံယာဉ်အန္တရာယ်ကင်းရှင်းရေးအဖွဲ့တို့က ပြီးခဲ့တဲ့ နိုဝင်ဘာ(၇)ရက်ကနေ့(၁၁)ရက်နေ့ထိ (၅)ရက်တာ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအပါအ၀င် ယာဉ်မတော်တဆမှုတွေနဲ့ပတ်သက်လို့လဲ ပြည်သူတွေက ခုလိုပြောပါတယ်။မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆမှုတွေကြောင့် (၂၀၁၅)ခုနှစ်က တစ်ရက်(၁၁)ဦးနဲ့ အထက် သေဆုံးခဲ့ပြီး (၂၀၁၆)ခုနှစ်မှာတစ်ရက်အနည်းဆုံး(၁၃)ဦးနဲ့(၂၀၁၇)ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာတော့ တစ်ရက် (၁၆)ဦးခန့်သေဆုံးနေတာဖြစ်ပါတယ်။ဒါဟာ နှစ်တစ်နှစ်ရဲ့တစ်ရက်တာပျမ်းပျသေဆုံးမှုဟာ အနည်းဆုံး(၂)ဦးနဲ့အထက် နှစ်စဉ်တိုးမြင့်သေဆုံးလာနေတာလဲဖြစ်ပါတယ်။ယာဉ်မတော်တဆမှုကြောင့် လက်ရှိကမ္ဘာ့မှာတော့ တစ်ရက်လူဦးရေ(၂၈၀၀) နီးပါးသေဆုံးနေတယ်လို့လည်းသိရပါတယ်။

15 Nov 2017     1,254 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS