BEC-TERO TV

နယ်စပ်ဖြတ်ပြေးသူ မြောက်ကိုရီးယားစစ်သား သေနတ်ဖြင့်ပစ်ခတ်ခံရ

16 Nov 2017     1,256 Views


တောင်ကိုရီးယားနိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ မြောက်ကိုရီးယားစစ်သားတစ်ဦးကို မြောက်ကိုရီး ယားစစ်တပ်ဘက်က ပစ်ခတ်မှုတွေပြုလုပ်ခဲ့လို့ အဲ့ဒီစစ်သားဟာ ကျည်ဆန်(၅)ချက်ထိမှန်ခဲ့တယ်လို့ တောင်ကိုရီးယားဘက်ကပြောပါတယ်။နိုဝင်ဘာလ(၁၃)ရက်မှာ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယား(၂)နိုင်ငံကြားက စစ်မဲ့ဇုန်ကိုဖြတ်ပြီး တောင်ကိုရီးယားနိုင်ငံဘက်ထွက်ပြေးတဲ့ မြောက်ကိုရီးယားစစ်သားတစ်ဦးကို မြောက်ကိုရီးယားစစ်တပ်က ပစ်ခတ်ခဲ့တယ်လို့ KBS သတင်းဌာနက သတင်းဖော်ပြခဲ့ပါတယ်။ ပစ်ခတ်ခံခဲ့ရတဲ့ မြောက်ကိုရီးယားစစ်သားဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေကပြောပါတယ်။
 
အဲဒီစစ်သားဟာ နှစ်နိုင်ငံပူးပေါင်းလုံခြုံရေးဒေသရဲ့ တောင်ကိုရီးယား ဘက်ခြမ်းကို ကားမောင်းပြီးထွက်ပြေးခဲ့ပေမဲ့ ကားဘီးပေါက်ခဲ့လို့ ခြေလျင်သွားနေချိန်မှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေက အချက်(၄၀)လောက် သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။ဒါပေမဲ့ သစ်ရွက်တွေ ပုံထားတဲ့နေရာမှာပုန်းနေခဲ့လို့ ကျည်(၅)ချက်သာထိမှန်ခဲ့တယ်လို့ တောင်ကိုရီးယားဘက်က ပြောပါတယ်။ နိုဝင်ဘာလ(၁၄)ရက်မနက်ပိုင်းမှာ ပစ်ခတ်ခံခဲ့ရတဲစစ်သားဟာ သတိပြန်ရလာပြီ ဖြစ်ပေမဲ့ အသက်ရှူရာမှာတော့အခက်အခဲဖြစ်နေသေးတယ်လို့ တောင်ကိုရီးယားစစ်တပ်အရာရှိ တစ်ဦးက ပြောပါတယ်။
 
ထိမှန်ထားတဲ့ကျည်ဆန်(၅)တောင့်ကို ဆွဲထုတ်နိုင်ခဲ့ပေမဲ့ နောက်ထပ် ကျည်ဆန်(၂)တောင့် ကျန်နိုင်သေးတယ်လို့ တောင်ကိုရီးယားဘက်ကပြောပါတယ်။နှစ်စဉ် မြောက်ကိုရီးယားနိုင်ငံက လူတစ်ထောင်ခန့်ဟာ တောင်ကိုရီးယားနိုင်ငံဘက်ကို ထွက်ပြေးနေကြ ပါတယ်။ဒါပေမဲ့ စစ်မဲ့ဇုန်ကိုဖြတ်ပြီး ထွက်ပြေးခဲ့သူတွေဟာ ပစ်ခတ်ခံရမှုကိုတွေ့ကြုံရလေ့မရှိပေမဲ့ အခုဖြစ်ရပ်က ရှားရှာပါးပါးဖြစ်ပါတယ်။
 

16 Nov 2017     1,256 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS