BEC-TERO TV

စတုတ္ထအကြိမ်အခြေခံမဲဆန္ဒရှင်ကြေညာမှု

22 Jun 2015     1,366 Views


စတုတ္ထအကြိမ်အခြေခံမဲဆန္ဒရှင်စားရင်ကိုပြည်နယ်နဲ့တိုင်းဒေသကြီး(၁၀)ခုအတွင်းရှိခရိုင်များမှာဒီကနေ့စတင်ပြီးကြေညာသွားမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှသိရပါတယ်။ စတုတ္ထအကြိမ်အခြေခံမဲဆန္ဒရှင်ကြေညာမှုမှာကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းရှိခရိုင်အားလုံးပါဝင်မှာဖြစ်ပြီးမန္တလေးတိုင်းဒေသကြီးမှာမတ္ထီလာခရိုင်၊ညောင်ဦးခရိုင်၊ရမည်းသင်းခရိုင်တို့ပါဝင်တာဖြစ်ပါတယ်။ပဲခူးတိုင်းဒေသကြီးမှာတော့တောင်ငူခရိုင်၊သာယာဝတီခရိုင်၊ပြည်ခရိုင်၊စစ်ကိုင်းတိုင်းဒေသကြီးမှာကသာခရိုင်၊ကလေးခရိုင်၊မော်လိုက်ခရိုင်၊ခန္တီခရိုင်၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ပါဝင်ပြီးတနင်္သာရီတိုင်းဒေကြီးမှာကော့သောင်းခရိုင်နဲ့ရန်ကုန်တိုင်းဒေသကြီးကမဲစာရင်းကြေညာရန်ကျန်ရှိနေတဲ့မြို့နယ်(၂၁)မြို့နယ်တို့ပါဝင်တာဖြစ်ပြီးခရိုင်အားလုံးမှာအခြေခံမဲဆန္ဒရှင်စာရင်းကိုဒီနေ့ကစပြီးဇူလိုင်(၅)ရက်နေ့အထိ(၁၄)ရက်ကပ်ထားကြေညာသွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပဲကော်မရှင်အနေနဲ့(၂၀၁၅)အထွေထွေရွေးကောက်ပွဲကိုလာမယ့်အောက်တိုဘာလကုန်ဒါမှမဟုတ်နိုဝင်ဘာပထမပတ်အတွင်းဆောင်ရွက်သွားမယ်လို့ကြေညာထားပြီးကျင်းပမယ့်ရက်အသေးစိတ်ကိုထပ်မံကြေညာမှာဖြစ်ပါတယ်။အခုအခြေခံမဲဆန္ဒရှင်စာရင်းကြေညာမှုမှာကိုယ်တွေရဲ့အမည်ပါမပါသွားရောက်ကြည့်ရှုဖို့လိုအပ်ပြီးမိမိအမည်မပါလျှင်လည်းပုံစံ(၃)ဖြင့်လျောက်ထားဖို့လိုသလိုအချက်အလက်များမှားနေလျှင်လည်းပုံစံ(၄-ဂ)ဖြင့်လျောက်ထားဖို့လိုအပ်ကြောင်းထုတ်ပြန်ထားပါတယ်။


22 Jun 2015     1,366 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS