BEC-TERO TV

Katy Perry ကို တရုပ်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်

20 Nov 2017     1,273 Views


တရုပ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ မကြာခင်ကျင်းပပြုလုပ်တော့မယ့် ဗစ်တိုးရီးယား စီးခရတ် ဖက်ရှင်ပွဲကြီးတွင် လာရောက်ဖျော်ဖြေရန်ရှိသော အဆိုတော် Katy Perry ကို တရုပ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခဲ့ကြောင်း တရုပ်ပြည်တွင်းသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။


၂၀၁၅ ခုနှစ်တုန်းက Katy Perry ဟာ တိုင်ပေမှာ လာရောက်ဖျော်ဖြေစဉ် နေကြာပန်းပုံဖော်ထားသည့် ဝတ်စုံကိုဆင်မြန်းကာ တိုင်ပေအလံကို တစ်ဖက်ကကိုင်လျှက် ဖျော်ဖြေခဲ့ဖူးသည်။ အဆိုပါဖျော်ဖြေမှုပြီးဆုံးပြီးနောက် သူမ၏ ဝတ်စုံ၊ တင်ဆက်ပုံနဲ့ပက်သက်ပြီး ထိုင်ဝမ်လူမျိုးတွေရဲ့ လွပ်လပ်ခွင့်တဲ့ ပက်သက်တဲ့ လှဒပ်ရှားမှု “Sunflower Movement” အပေါ် အားပေးထောက်ခံတဲ့ ပုံစံဖြစ်တယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။


အဆိုပါ “Sunflower Movement” လှုပ်ရှားမှုဟာ ၂၀၁၄ ခုနှစ် မတ်လတွင်းမှာ ဖြစ်ပျက်ခဲ့ပြီး တိုင်ဝမ်သာတို့ရဲ့ အလုပ်ကိုင်အခွင့်အရေးနဲ့ ပက်သက်တဲ့ ဥပဒေအပေါ် ကျောင်းသားများ ဦးဆောင်ပြီး ၂၄ ရက်ကြာ လှုပ်ရှားခဲ့တာဖြစ်ပါတယ်။
အဲဒီအတွက် Katy Perry ဟာ ပြည်ဝင်ခွင့် ပိတ်ခံရတယ်လို့ သုံးသပ်ထားပါတယ်။
 


ဗစ်တိုးရီးယား စီးခရတ်ပွဲမှာ ဖျော်ဖြေဖို့ Katy Perry က ကနဦးမှာ တရုပ်ဗီဇာ ရရှိထားခဲ့ပြီး အဏာပိုင်များ စိတ်အပြောင်းလဲဖြစ်ကာ ဗီဇာပြန်ရုပ်သိမ်းခံခဲ့ရခြင်းဖြစ်သည်။ ယခုလအစောပိုင်းမှာ Katy Perry က ပြည်ဝင်ခွင့်ဗီဇာအတွက် တရုပ်အာဏာပိုင်တွေထံပေးပို့ထားတဲ့ စာတစ်စောင် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ဘာသာရေး၊ လူမှုရေး အစိုးရကိုအကြည်ညိုပျက်စေမည့် မည်သည့်လုပ်ရပ်ကိုမျှ မလုပ်ပါဟု ဝန်ခံကတိပြုထားကြောင်း တွေ့ရသည်။

ယခုနှစ်ပိုင်းအတွင်း မရွန်းဖိုက်၊ ဘွန်ဂျိုဗွီ၊ လေဒီဂါဂါ၊ ဆယ်လီနာဂိုးမတ်စ်နဲ့ ဘီဂျော့ခ် တို့ကိုလည်း ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တိဘတ်အရေးလှုပ်ရှားသူများနဲ့ အဆက်သွယ်ရှိတယ်လို့ စွပ်စွဲပြီး တရုပ်က ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားပါတယ်။


Katy Perry က သူမရဲ့ချစ်သူနဲ့အတူ ရှန်ဟိုင်းမှာ ရှိတဲ့ Disneyland ကို မနှစ်က အလည်ရောက်ခဲ့ပါသေးတယ်။ ၂၀၁၅ ခုနှစ်က တရုပ်နိုင်ငံမှာ နေကြာပန်းဝတ်စုံနဲ့ ဖျော်ဖြေမှုဟာ သူမရဲ့ နောက်ဆုံးပွဲဖြစ်ပြီး ယခုနှစ်မှာတော့ ဗစ်တိုးရီးယား စီးခရတ်ပွဲအတွက် ပြည်ဝင်ခွင့် ပိတ်ခံခဲ့ရပါတယ်။  Katy Perry ရဲ့အစား အင်္ဂလိပ်အဆိုတော် Harry Style နဲ့ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။
 


20 Nov 2017     1,273 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS