BEC-TERO TV

မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက် မိခင်အရင်းကတောင် မမှတ်မိတော့တဲ့ လူငယ်

22 Nov 2017     1,591 Views


ထိုင်းနိုင်ငံက မွေးရာပါမေးရိုးလွဲနေတဲ့ ဝေဒနာကို ခံစားနေရတဲ့ စက်ရုံအလုပ်သမားလေးတစ်ဦးဟာ မျက်နှာခွဲစိတ်ပြုပြင်မှု အဆင့်ဆင့်ပြုလုပ်ပြီးတဲ့အခါမှာတော့ ကိုရီးယား K-Pop စတားတစ်ဦးလို ဖြစ်သွားတဲ့အတွက် သူ့ရဲ့မိခင်ကတောင် လုံးဝ မမှတ်မိဖြစ်ခဲ့ပါတယ်။


အသက် ၂၂ နှစ်အရွယ် Noppajit Monlin ဆိုသူ အလုပ်သမားလေးဟာ သူ့မေးရိုးလွဲနေတာကြောင့် ပုံမှန်အတိုင်း ကောင်းကောင်းမဝါးစားနိုင်တာကြောင့် စက်ရုံမှာ ထမင်းစားနားတဲ့အချိန် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အဝေးမှာသာ တစ်ဦးတည်း နေ့လည်စာစားလေ့ရှိပါတယ်။
သူ့ရဲ့ ချစ်သူဟာ အမျိုးသားဘဝမှ အမျိုးသမီးဘဝကို လိင်ပြောင်းထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး

ကိုးရီးယားမှာ နံမည်ကြီးနေတဲ့ အစီစဉ်တစ်ခုကို ထိုင်းနိုင်ငံက ဝယ်ယူပြီး ထိုင်းဗားရှင်းအဖြစ် ထုတ်လွှင့်ပြသနေတဲ့ “Let Me In Thailand”  ရုပ်သံအစီစဉ်ဟာ မျက်နှာခွဲစိတ်ပြုပြင်ပြီး အပြောင်းလဲကြီးပြောင်းလဲသွားတာကို စီစဉ်တင်ဆက်နေတဲ့ အစီစဉ်တစ်ခုဖြစ်ပါတယ်။
တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသတဲ့ အစီစဉ်ကို ကြည့်ရင်း Noppajit Monlin တစ်ယောက် ပါဝင်ချင်တဲ့ဆန္ဒရှိနေခဲ့ပါတယ်။


အစီစဉ်ရဲ့ Season 3 မှာတော့ Noppajit Monlin ဟာ ရွေးချယ်ခံခဲ့ရသူတစ်ယောက်ဖြစ်လာပြီး ကိုရီးယားနိုင်ငံမှာ မျက်နှာခွဲစိတ်ပြုပြင်ပြီး သူ့ရဲ့မေးရိုးလွဲနေတာကိုလည်း ပြုပြင်ပေးခဲ့ပါတယ်။ ဒါ့အပြင် နဖူး၊ မျက်ရစ် အစရှိတာတွေကိုပါ ပြုပြင်ခဲ့ပါတယ်။


အားလုံးပြီးသွားတဲ့အခါမှာတော့ သူဟာအရင်ကနဲ့ လုံးဝမတူတော့တဲ့ လူသစ်တစ်ယောက်ဖြစ်လာပြီး သူ့ရဲ့အမေကတောင် မမှတ်မိပဲဖြစ်ခဲ့တာကို အဆိုပါအစီစဉ်မှာ မြင်တွေ့ခဲ့ရပါတယ်။


ယခင်လိုမဟုတ်တော့ပဲ K-Pop စတားတစ်ယောက်နဲ့ တူသွားပေမယ့် သူ့ရဲ့အချစ်တွေက မပြောင်းလဲပဲ ယခင်ပုံဆိုးပန်းဆိုးဘဝမှာထဲက ချစ်သူဖြစ်ခဲ့ကြတဲ့ လိင်းပြောင်း(အမျိုးသားမှ အမျိုးသမီးသို့) ချစ်သူကို အရင်လိုပဲ ဆက်လက်လက်တွဲသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။


သူ့ရဲ့ ချစ်သူ Tob ဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီး သူတို့နှစ်ဦး ဖေ့စ်ဘွခ်ကတစ်ဆင့် ဆုံဆည်းခဲ့ကြပြီး ချစ်သူသက်တမ်း သုံးနှစ်ပင်ရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
 


22 Nov 2017     1,591 Views




RELATED

Most Popular of Special or Others

Most Popular of NEWS