BEC-TERO TV

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပြီးနောက် စတုတ္ထတန်းကျောင်းသူ ထပ်မံသေဆုံး

23 Nov 2017     1,268 Views


ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးပြီးနောက် တတိယမြောက် ထပ်မံသေဆုံးခဲ့သော ကလေးငယ်မှာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ စတုတ္ထတန်းကျောင်းသူဖြစ်ကြောင်း သိရှိရပြီး အဆုတ်နှင့် ကျောက်ကပ်ပိုးဝင်ကာ သွေးဆိပ်တက်၍ သေဆုံးခြင်းဖြစ်ကြောင်း ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌါနမှ သိရှိရသည်။

စတုတ္ထတန်းကျောင်းသူ မရှင်းသန့်ဝေ မှာ နိုဝင်ဘာလ ၂၀ ရက်နေ့က ဆေးထိုးပြီး မကြာခင်မှာ မူးဝေပြီး ကိုယ်ပူလာသည့်အတွက် မိဘများက ကျောင်းမှအိမ်သို့ ပြန်လည်ခေါ်ဆောင်လာပြီး ဆေးခန်းပြသော်လည်း မသက်သာသဖြင့် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဆေးရုံတင်ခဲ့ရာ ယင်းနေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးမှုနဲ့ပက်သက်ပြီး “ကျောက်ကပ်နဲ့ အဆုတ်မှာပိုးဝင်ပြီး သွေးဆိပ်တက်ပြီး သေဆုံးတာပါ။ ကာကွယ်ဆေးကြောင့်မဟုတ်ပါဘူး” ဟု ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌါန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌါန(သဘာဝဘေး)မှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးပြီးနောက် ယခုတစ်ခါသေဆုံးမှုမှာ တတိယအကြိမ်ဖြစ်ပြီး မတိုင်ခင်က ပင်လောင်းမြို့မှ သတ္တတန်းကျောင်းသားတစ်ဦး၊ သာပေါင်းမြို့မှ ပထမတန်းကျောင်းသားတစ်ဦး တို့ သေဆုံးခဲ့ရပြီး နမိုးနီးယားရောဂါ၊ ကျောက်ကပ်ရောဂါတို့ဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး ကာကွယ်ဆေးကြောင့် မဟုတ်ကြောင်း ဒေါက်တာသန်းထွန်းအောင်က ပြောကြားခဲ့ကြောင်း ဒီမိုကရေစီတူဒေး သတင်းမှ ကောက်နှုတ်ဖော်ပြပါသည်။

မွေးရာပါ (သို့မဟုတ်) ရောဂါကြောင့်လည်းကောင်း၊ ဆေးဝါးကြောင့်သော်လည်းကောင်း ခုခံအားစနစ် ကျဆင်းခြင်းနှင့် AIDS ရောဂါ လက္ခဏာများ ရှိနေသည့် ကလေးငယ်များ၊ ကုသမှုခံယူပြီး ဆေး သောက်နေသော်လည်း အတက်ရောဂါ မကြာခဏ ဖြစ်နေသူများ၊ နာတာရှည်ရောဂါကို လတ်တလော ပြင်းပြင်းထန်ထန် ခံစားနေရသူများ၊ ကိုယ်ဝန်ဆောင်များနှင့် ပထမအကြိမ် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးခဲ့စဉ်က ပြင်းထန်သော ဓာတ်မတည့်ခြင်းများ ဖြစ်ပွားခဲ့သည့် ကလေးငယ်များမှာ ကာကွယ်ဆေး လုံးဝမထိုးရမည့် သူများ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 


23 Nov 2017     1,268 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS