BEC-TERO TV

ကျပ်သိန်း(၂၅၀)၀န်းကျင် တစ်ပတ်ရစ်ကားဈေးကွက်အေးစက်လာ

28 Nov 2017     1,708 Views


မြန်မာ့ကားဈေးကွက်မှာ လက်ရှိကျပ်သိန်း(၂၅၀)၀န်းကျင်ရှိ တစ်ပတ်ရစ်ကားဈေးကွက်ဟာ အေးစက်လာပြီးဖြစ်တယ်လို့ ဈေးကွက်မှ သိရပါတယ်။ ပြည်ပကားကုမ္မဏီတွေအနေနဲ့ အစိုးရ၊ Showroom တွေနဲ့ ချိတ်ဆက်ကာ Brand New ကားအသစ်တွေကို အရစ်ကျစနစ် အပါအ၀င် ရန်ကုန်လိုင်စင်၊သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ ပြည်တွင်းမှာ လာရောက်ရောင်းချပေးနေတာတွေကြောင့် ကားဈေးကွက်မှာ ကျပ်သိန်း(၂၅၀) ၀န်းကျင်နဲ့ ငွေကျပ်သိန်း(၂၅၀)အောက်ဈေးရှိတဲ့ အင်ဂျင်ပါဝါ (၁.၃၊ ၁.၅)အမျိုးအစားတန်း ဂျပန်နိုင်ငံက တစ်ပတ်ရစ်တင်သွင်းထားတဲ့ ကားတွေရဲ့အရောင်းအ၀ယ်ဈေးကွက်ဟာ အခုနိုဝင်ဘာလ အတွင်း အေးစက်လာခဲ့တာ ဖြစ်တယ်လို့လဲ ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
 
လက်ရှိ Brand New ကားအသစ်တွေရဲ့ဈေးနှုန်းဟာ တစ်ပတ်ရစ်ဂျပန်ကားတွေ နည်းတူ ကျပ်သိန်း(၂၅၀)၀န်းကျင်နဲ့ရောင်းချပေးနေပြီး ပြည်သူတွေအနေနဲ့လဲ Brand New ကားအသစ်တွေကိုသာ ပိုမိုအာရုံကျကာ ၀ယ်ယူသူအများအပြားဖြစ်နေတယ်လို့လဲသိရပါတယ်။Brand New ကားအသစ်တွေကို ပြည်ပကားကုမ္မဏီကြီးတွေကအရစ်ကျစနစ်အပါအ၀င် ရန်ကုန် လိုင်စင်၊သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ ပြည်တွင်းမှာ လာရောက် ရောင်းချလာတာအပါအ၀င် ၂၀၁၈ ခုနှစ် ကားတင်သွင်းဖို့ မော်ဒယ်သတ်မှတ်ချက်ထုတ်ပြန်လိုက်တာတွေကြောင့် အရင်က တင်သွင်းထားပြီးဖြစ်တဲ့ တစ်ပတ်ရစ်ဂျပန်ကားတွေရဲ့ဈေးကွက်နှင့်အတူ ဒီကားတွေကို တစ်နိုင် တစ်ပိုင်တင်သွင်းရောင်းချနေတဲ့ ၀ယ်ရောင်းလုပ်ကိုင်နေသူပျောက်ကွယ်သွားတော့မယ်လို့လဲ ၀ါရင့်ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောဆိုထားပါတယ်။၂၀၁၈ ခုနှစ် ကားတင်သွင်းဖို့ မော်ဒယ်သတ်မှတ်ချက်မှာတော့ ယန္တရားတွေမှအပ ကျန်တဲ့ လူစီး၊ ခရီးသည်၊လုပ်ငန်းသုံးယာဉ်တွေ အားလုံးကို မော်ဒယ်မြင့်ဘယ်မောင်းတွေကိုသာ တင်သွင်းခွင့်ပြုတော့မှာလဲ ဖြစ်ပါတယ်။

28 Nov 2017     1,708 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS