BEC-TERO TV

သမီးကိုရိုက်နှက်ရာမှ သေဆုံးခဲ့မှုကြောင့် အလောင်းဖျောက်ခဲ့တဲ့မိခင်

30 Nov 2017     1,285 Views


ကော့သောင်းမြို့တွင် (၄)နှစ်အရွယ် သမီးအရင်းကို ရိုက်နှက်ရာမှ သေဆုံးသွား၍ အ လောင်းဖျောက်ဖျက်သူ မိခင်ကို ဖမ်းဆီးထားပြီး ကလေးငယ်၏ အလောင်းကို ရှာဖွေနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောကြားသည်။


အဆိုပါဖြစ်စဉ်သည် ကော့သောင်းမြို့ လုံးဖော်ကျေးရွာတွင် နိုဝင်ဘာ ၁၇ ရက်က ဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းကို ပါချန်မြစ်အတွင်း ပစ်ချ၍ ဖျောက်ဖျက်ခဲ့သည်ကို စစ်ဆေးဖော်ထုတ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဒေါ်ခိုင်ခိုင်ဝင်းဆိုသူ အမျိုး သမီးသည် ၎င်း၏ သမီးအရင်းဖြစ်သူကို ရိုက်နှက်ရာမှ သေဆုံးသွား သဖြင့် ကလေး၏ ရုပ်အလောင်းကို နိုဝင်ဘာ ၁၈ ရက် ညတွင် ခရီးဆောင်အိတ်အတွင်း ထည့်၍ ကော့သောင်းမြို့ ဝိတိုရိယအငူမှ ပါချန်မြစ်အတွင်း ပစ်ချခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။


ကလေးငယ်ကို မိခင်က မည်သည့်အကြောင်းကြောင့် ရိုက်နှက်ခြင်းဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ရဲမှူးကြီး နေမျိုးကပြောသည်။ ကလေးအလောင်းကို ဖျောက်ဖျက်ရာတွင် အခြားအမျိုး သမီးတစ်ဦးကပါ ကူညီခဲ့ပြီး ယင်း အမျိုးသမီးကိုပါ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
ကလေးငယ်၏ အဘွားက နိုဝင်ဘာ ၂၀ ရက်တွင် မာရမ်းနယ် မြေရဲစခန်းသို့ လူပျောက်တိုင်ကြားခဲ့ကြောင်း အဆိုပါ ရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။


ကလေးကို ရိုက်နှက်နေတာတွေကို ဘေးက အိမ်တွေက ကြားတယ်။ နောက်တော့ အပြင် ထွက်သွားတယ်။ အိတ်တစ်လုံးပါ သွားတယ်။ ဒါကို စစ်ဆေးရင်း ပေါ်ပေါက်လို့ အခုဖမ်းထားတယ်။ ကလေးဘယ်မှာလဲမေး တော့ ဟိုဘက်နိုင်ငံ (ထိုင်းနိုင်ငံ) က သူ့အမျိုးသားဆီကို ပို့ထား တယ်လို့ပြောလို့ ချိတ်ဆက်စုံစမ်းတော့ မဟုတ်မှန်ဘူးဆိုတာ သိရတယ်။ နောက်တော့ စစ်ဆေး တော့မှ ပေါ်ပေါက်တယ်’’ဟု ရဲမှူးကြီး နေမျိုးက ပြောသည်။


တစ်ဖက်နိုင်ငံတွင် နေထိုင်သော အဆိုပါ အမျိုးသားသည် ဂျာမနီနိုင်ငံသားဖြစ်ပြီး နှစ်နိုင်ငံ ရဲတပ်ဖွဲ့ချင်း ချိတ်ဆက်၍ ကလေး၎င်းထံရောက်ရှိခြင်း ရှိ၊ မရှိ စုံစမ်းမေးမြန်းခဲ့ရာမှ ကလေးငယ်သည် ၎င်းထံတွင်လည်း ရှိမနေကြောင်း သိရှိခဲ့ရသည်။
မာရမ်းနယ်မြေရဲစခန်းမှ ဒုရဲအုပ်ခင်မောင်ဌေးက အဆိုပါအမှုကို တရားလိုပြုလုပ်၍ ပုဒ်မ ၃၀၄ ဖြင့် မိခင်ဖြစ်သူကို အမှုဖွင့်ထားပြီး ပူးပေါင်းကြံစည်ခဲ့သူ မမိုးမိုးခိုင် ကိုလည်း ပုဒ်မ ၃၀၄/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ ရဲစခန်းတာဝန်ရှိသူက ပြောကြားခဲ့သည်။ မြစ်ထဲပစ်ချ ဖျောက်ဖျက်ခံ ခဲ့ရသည့် ကလေးငယ်၏ အလောင်းကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၉ ရက်အထိ ဆက်လက်ရှာဖွေလျှက်ရှိကြောင်း 7DAY သတင်းတွင် ဖော်ပြထားသည်။

 


30 Nov 2017     1,285 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS