BEC-TERO TV

ထူးဆန်းစွာသေဆုံးခဲ့တဲ့ တောင်တက်သမား(၉)ဦးရဲ့ ဖြစ်ရပ်ဆန်း

13 Dec 2017     1,267 Views


ဒီယာတယ်လဗ်လမ်းကြောင်းမတော်တဆမှုဆိုတာဟာ ၁၉၅၉ ဖေဖော်ဝါရီ တစ်ရက်နဲ့ နှစ်ရက်ကြား ဆိုဗီယက် ပြည်ထောင်စု အူရယ်လ်တောင်တန်းတွေမှာ ဖြစ်ခဲ့တဲ့  နှင်းလျှောစီးသမား ကိုးယောက်ရဲ့ ထူးဆန်းတဲ့သေ ဆုံး မှုကို ပြောတာပါ။

ဒီမတော်တဆမှု ဖြစ်ပွားခဲ့တဲ့နေရာကိုတော့  သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ အီဂေါတယ်လဗ်ကို အမည်ပြုပြီးပေးထားခဲ့တာပါ။ သူတို့တွေအကုန်လုံးဟာ အူရယ်လ် စက်မှုသက်မွေးဝမ်းကြောင်း  ကောလိပ်မှဖြစ်ပြီး အတွေ့အကြုံရှိတဲ့ တောင်တက်သမားတွေဖြစ်ကြပါတယ်။

သူတို့တွေ့ဟာ ကိုလက်စ် စာကယ်လ် လို့ခေါ်တဲ့ တောင်စောင်းဘေးနားမှာ စခန်းချနေရာမှ ဒီလိုအန္တာရာယ်ကြုံတွေ့ခဲ့တာပါ။ ညအချိန်မှာ တစ်စုံတစ်ခုဟာ သူတို့ရဲ့တဲထဲကို ဆုတ်ဖြဲဝင်ရောက်ခဲ့ပါတယ်။ သူတို့တွေဟာအေးခဲနေတဲ့  တောထဲ ကို အ၀တ်အစားထူထူထပ်ထပ်မပါဘဲ ကြောက်လန့်တကြားထွက်ပြေးခဲကြရပါတယ်။ အဲ့ဒီအချိန်မှာ နှင်းများကလည်း ထူထပ်စွာကျဆင်းနေပါတယ်။

ဆိုဗီယက်ပြည်ထောင်စုရဲ့ စူးစမ်းလေ့လာသူတွေဟာ သူတို့ရဲ့ ရုပ်အလောင်းကို လအတန်ကြာရှာဖွေခဲ့ရပါ တယ်။ ပြောဆိုချက်အရ ခြောက်ယောက်မှာ ဟိုက်ပိုသားမီးယားလို့ခေါ်တဲ့ ခန္ဓာကိုယ်အပူဆုံးရှုံးတဲ့ရောဂါ  ကြောင့်ဖြစ်ပြီး သုံးယောက်မှာ ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ခံရမှုကြောင့်လို့ သိရပါတယ်။ သေဆုံးသူ တစ်ဦးမှာ ဦးခေါင်းခွံ ကွဲအပ်တာကြောင့်ဖြစ်ပြီး နောက်တစ်ဦးမှာ ဦးနှောက်ဒဏ်ရာရရှိကာ ပြင်ပဒဏ်ရာမရှိဘဲ   သေဆုံးကြောင်းသိရပါတယ်။ နောက်ဆုံးတစ်ယောက်ရဲ့ လျှာနဲ့ မျက်လုံးတွေမှာလည်း ပျောက်ဆုံးနေကြောင်း  သိရပါတယ်။

ဒီစုံစမ်းမှုမှာတော့ မမြင်ရတဲ့ အားတစ်ခုခုသက်ရောက်မှုကြောင့်လို့ ဖော်ပြခဲ့ပါတယ်။ ဒီသေဆုံးမှုနှင့်ပက်သက်ပြီး အခြားဖော်ပြမှုများစွာလည်းတွေ့ရပါသေးတယ်။ တိရိစ္ဆာန်တစ်ကောင်ကောင်ရဲ့တိုက်ခိုက်မှု၊ ဟိုက်ပိုသားမီးယား၊ နှင်းပြိုမှု၊ စစ်တပ်၏လုပ်ဆောင်မှုနှင့်အခြားသောအကြောင်းအရာတွေကြောင့်လို့ဖော်ပြခဲ့ပါတယ်။ ဒေသအခြေအနေအရ တောင်တက်ခြင်းနှင့် နှင်းလျှော်စီးခြင်းကို သုံးနှစ်ခန့်ပိတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။


13 Dec 2017     1,267 Views




RELATED

Most Popular of Special or Others

Most Popular of NEWS