BEC-TERO TV

မင်းသားတစ်ယောက်ဖြစ်ဖို့ ရုပ်ချော၊ငွေရှိရုံနဲ့ မဖြစ်နိုင်ဘူးလို့ပြောလိုက်တဲ့ နေမင်း

13 Dec 2017     1,391 Views


ပရိသတ်အခိုင်အမာရရှိနေတဲ့ သရုပ်ဆောင်နေမင်းဟာ သူရဲ့ တူဖြစ်တဲ့ အုပ်သာကျော် ကိုအနုပညာလောကထဲဝင်ရောက်နိုင်ဖို့အတွက် လက်တွဲခေါ်ဖြစ်နေပါတယ် ။ ထိုကိစ္စနဲ့ ပတ်သတ်ပြီး “ သူ့မှာလိုအပ်နေတာက အတွေ့အကြုံ၊ မင်းသားတစ်ယောက်ဖြစ်ဖို့ဆိုတာ ရုပ်ချောရုံ ၊ ငွေရှိရုံနဲ့ မဖြစ်နိုင်ဘူးလေ ။ တကယ်တော့ ကျွန်တော်တို့က လူထဲက လူတွေအကြောင်းကိုတင်ဆက်တာဖြစ်တဲ့ အခါကျတော့ ဘ၀အသက်မွေးမှုအတွေ့အကြုံ ၊ သူတို့ရဲ့ ဖြတ်သန်းမှု အဲ့ဒိဟာတွေကနေမှ သူတို့ရဲ့ ဘ၀တိုးတက်မှုဖြစ်စဉ်ပြောင်းလဲသွားနိုင်တယ် ။အဲ့ဒိတော့ ကြိုးစားဖို့ လိုသလိုလူကြားထဲ များများသွားဖို့လိုတယ်လို့ ခံစားမိတယ် ။

ကျွန်တော် ငယ်ငယ်က မင်းသားစလုပ်တဲ့ အချိန်က ကိုဖိုကျော် တို့ ကိုမိုးအောင် ၊ ဖိုးချစ် ၊ ဆရာဥက္ကာဗို တို့ ကဆိုရင် သူတို့အားလုံးက လူကြားထဲကိုခေါ်သွားတယ် ။ အရက်ဆိုင်တွေလိုက်ထိုင်ခိုင်းတယ် ။ ကိုဖိုးကျော် ဆို ကျွန်တော့ကို မြို့ပတ်ရထားလိုက်စီးခိုင်းတယ် ။ အဲ့ဒိလို လျှောက်သွားခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးတယ် ။ အဲ့ဒီလိုကမှ လူတွေရဲ့ အတွေ့အကြုံရတယ် ။အောက်ခြေမှာရှိတဲ့ လူတန်းစားတွေရဲ့စိတ်ကိုလိုက်ကြည့်ရတယ် ။လိုက်ကြည့်ပါများမှ သူတို့စိတ်ထဲကို ကိုယ်ဝင်စားလို့ရမယ် ။ကိုယ်ခံစားလို့ရမယ် ။ ခံစားလို့ရမှ သရုပ်ဆောင်တဲ့အခါ တကယ်ပီပြင်မှာလေ ။ အဲ့ဒါကိုတော့ လေ့လာခိုင်းထားတယ်” ဆိုပြီး တူဖြစ်သူကို သင်ကြားပေးနေမှုတွေကို ပြောပြသွားခဲ့ ပါတယ် ။

Credit:popular 


13 Dec 2017     1,391 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment