BEC-TERO TV

အဖေနဲ့ တွဲဆိုထားတဲ့ သီချင်းအွန်လိုင်းမှာတင်ဖို့ရှိတယ်ဆိုတဲ့ ဖိုးကာသမီး ဖူးဖူးသစ်

14 Dec 2017     1,271 Views


လတ်တလောမှာ ဖေဖေနဲ့ ဆိုထားတဲ့ မိဘနေတ္တာသီချင်းလေးကို online ပေါ်ကနေဖြန့်ဖို့လုပ်နေပါတယ် ။နောက်တခွေ ထွက်ဖို့လည်း သီချင်းလေးတွေ လုပ်ဖြစ်တယ် ။ကျောင်းလည်းတက်နေရတော့သီချင်းတွေကို အရမ်းအချိန်ပေးပြီး မလုပ်ဖြစ်သေးဘူး ။ ပွဲလေးတွေတော့လိုက်ဆိုဖြစ်နေတယ် ။ မဂ္ဂဇင်းမျက်နှာဖုံးလေးတွေလည်း ရိုက်ဖြစ်နေတယ် ။ နောက်အခွေသစ်ကတော့ အခုမှ စနေတုန်းပဲ ရှိပါသေးတယ် ။

စာမေးပွဲရှိတဲ့အချိန်တွေဆိုရင်တော့ ပွဲတွေဆိုဖို့ရှိနေရင်ဖျက်ရတယ် ။ ကျောင်းက Day တက်တော့ အမြဲသွားတက်နေရတယ် ။ အားတဲ့အချိန်ပဲ သီချင်းတွေ လုပ်ဖြစ်နေတာပါ ။ ကျောင်းပြီးသွားရင်တော့ ပြောလို့ မရသေးဘူး  ။ အနုပညာလုပ်တဲ့ အခါ ဖေဖေက အားပေးတယ် ၀ါသနာပါတာကို ဖေဖေကော မေမေ ကော အားပေးတယ် ပံ့ပိုးမှုတွေလည်း ပေးတယ် ။ သာမန်လူတစ်ယောက်အနေနဲ့ လုပ်တာထက်စာရင် ဖေဖေကပြောပြပေးတော့ ပိုပြီးတော့ အဆင်ပြေပါတယ် ။ ပထမ တစ်ကိုယ်တော် အခွေကို ၂၀၁၆ ခုနစ်က ထါက်ရှိထားတာလည်း ဖြစ်ပါတယ် ။ 

Credit:Democracy 


14 Dec 2017     1,271 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment