BEC-TERO TV

လူကိုယ်တိုင်ကြိုးစားမှ ရမယ် လို့ ခံယူထားတဲ့ အေးဝတ်ရည်သောင်း

15 Dec 2017     1,311 Views


အနုပညာလောကမှာ ညီအမ သုံးယောက် လို့ လူသိများလှတဲ့ နှင်းဝတ်ရည်သောင်း ၊ အေးဝတ်ရည်သောင်း ၊ ဆွိဝတ်ရည်သောင်း ဆိုပြီး အနုပညာအလုပ်တွေ လုပ်ခဲ့ ကြပါတယ် ။ အမဖြစ်သူ နှင်းဝတ်ရည်သောင်း ကတော့ အင်္ဂလန်မှာ အခြေချနေထိုင်နေပြီး အလည်ပြန်လာဖြစ်ပြီး ညီမ ဖြစ်တဲ့ ဆွိဝတ်ရည်သောင်းကတော့ အဆိုဝါသနာပါသူ တစ်ယောက်လည်းဖြစ်ပါတယ် ။

“ပေါက်စီတို့ကတော့ ညီအမတွေဆိုတော့ အမြဲတမ်း အဆက်အသွယ်တော့ ရှိပါတယ် ။ မကြီး က နိုင်ငံခြားမှာဆိုပေမယ့် သူနဲ့ က chatting ၊ video call တွေခေါ်ဖြစ်တယ်။ အငယ်မ နဲ့ကတော့ အိမ်မှာအမြဲတွေ့ဖြစ်တယ် ။ ညီအမ သံယောဇဉ်တွေကတော့ အရင်အတိုင်းပါပဲ ။ ပေါက်စီတို့ညီအမတွေက တစ်ယောက်နဲ့ တစ်ယောက် close ဖြစ်တယ် ။ အရင်တုန်းကလည်း မကြီးနဲ့ အတူ အနုပညာလုပ်ခဲ့တာဆိုတော့ အချိန်တော်တော်များများ မကြီးကို သတိရတယ် ။ အနုပညာနဲ့ ပတ်သတ်ရင် အခုတော့ အဖေ နဲ့ အမေ ကို တိုင်ပင်တာများတယ် ။

မကြီးက အလှမ်းလည်း ဝေးနေတယ် သူ့အလုပ်မအား ဆိုတော့ မိသားစု အကြောင်းပဲ ပြောဖြစ်တယ် ။ သတိရတဲ့ အကြောင်း အာလာပ သလ္လာပပြောတယ် ပူဆာတယ် ။ သူကတော့ အနုပညာအလုပ်တွေ ပြန်လုပ်ဖြစ်မယ် မထင်တော့ဘူး ။ အငယ်မကတော့ သီချင်းဆိုတာ ၀ါသနာပါတော့ သူဝါသနာပါရာလုပ်နေတယ် ။ ပေါက်စီကတော့ လူဆိုတာ ကိုယ်တိုင်ကြိုးစားမှရမယ် ။ သူကိုယ်တိုင် ကြိုးစားတာကို လိုတာကို ပံ့ပိုးပေးမယ် ။ ကိုယ်ကတော့ သူ့ကို တွန်းအားပေးမှာမဟုတ်ဘူး ။ အဲ့ဒိလို အမြဲပြောဖြစ်တယ် ။ ပေါက်စီ ကတော့ လတ်တလော ရုပ်ရှင်ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေပါတယ်။ 

Credit:popular 


15 Dec 2017     1,311 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment