BEC-TERO TV

သန်းကြွယ်သူဌေးကြီးရဲ့ ၁၅ နှစ်အရွယ်သမီးကို ရထားစီးခွင့်မပေးပဲ ဘူတာမှာချန်ထားရစ်ခဲ့

17 Dec 2017     1,257 Views


စီးပွားရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီး တစ်ဦးရဲ့ (၁၅ နှစ်)အရွယ် သမီးဖြစ်သူ ရထားနဲ့ အိမ်ပြန်လာချိန်မှာ ကလေးလက်မှတ် ဝယ်ယူခဲ့တဲ့အတွက် လန်ဒန်၊ ယူစတွန် ပြည်နယ်မှာရှိတဲ့ ရထားဝန်ထမ်းက ရထားပေါ်တက်ခွင့်မပြုခဲ့ပါဘူး။

Timpson Shoe Repairs ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ James Timpson က သူ့ရဲ့ ၁၅ နှစ်အရွယ်သမီးလေး Niamh ကို ည (၇)နာရီအချိန်လောက်မှာ ရထားဘူတာမှာ တစ်ယောက်တည်း ချန်ထားခဲ့ခံရတာနဲ့ ပက်သက်ပြီး အလွန်အမင်းဒေါသထွက်ကာ သူ့ရဲ့လူမှုကွန်ယက် တွစ်တာပေါ်ကနေ ရထားလက်မှတ်ဓါတ်ပုံနဲ့တစ်ကွတင်ပြီး အဆိုပါဝန်ထမ်းကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Niamh ဟာ Virgin ရထားလိုင်းနဲ့ Crewe မြို့ကိုပြန်ဖို့ ရထားပေါ်တက်တဲ့အချိန်မှာ ရထားလက်မှတ်စစ်က  သူမဟာ အသက် ၁၅ နှစ်မကဘူးလို့ ယူဆပြီး ကလေးလက်မှတ်ဝယ်လာတဲ့ Niamh ကို ဘူတာမှာချန်ထားခဲ့တာဖြစ်ပါတယ်။

 

Timpson က ရထားလိုင်းဝန်ဆောင်မှုကို တွစ်တာပေါ်ကနေ

Virgin ရထားဝန်ဆောင်မှုခင်ဗျား။ လက်မှတ်အစစ် ကိုင်ဆောင်ထားတဲ့ ၁၅ နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို လိုက်ပါခွင့်မပေးဘဲ ဘာဖြစ်လို့ ရထားဘူတာမှာ ထားခဲ့တာလဲ၊ မင်းတို့ ပြောတော့ သူ့မှာ သက်သေပြစရာ မှတ်ပုံတင် မပါဘူးလို့ ပြောတယ်နော်၊ အခုည ၇ နာရီတောင်ကျော်နေပြီ၊ ကောင်မလေးက ရထားဘူတာမှာ တစ်ယောက်တည်းနေခဲ့ရတာ၊ ဒီလိုအချိန်မျိုးမှာတောင် သူမအသက် မှန်၊ မမှန် သက်သေပြစေချင်သေးတာလား။ ဒါတော်တော် ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တစ်ခုပဲ” လို့ ဒေါသတကြီးနဲ့ ရေးသားခဲ့ပါတယ်။

Virgin ရထားဝန်ဆောင်မှုက ပြောရေးဆိုခွင့်ရှိသူကတော့ “အသက် ၁၆ နှစ်အောက်အရွယ်တွေအတွက် လက်မှတ်ခ ၅၀% လျော့ပေးတာတော့မှန်ပါတယ်၊ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကလေးလက်မှတ်ဝယ်ယူသူအချို့က သူ့တို့အသက်ထက် ကြီးနေတဲ့ပုံစံပေါက်နေတာမျိုးတွေ့ရပါတယ်၊ အဲဒီအခါမှာ အသက်မှန်မမှန်ဆိုတာ သက်သေပြဖို့ ထောက်ခံချက်ကတ် တစ်ခုခု ပြသဖို့လိုပါတယ်။ “မစ္စတာ Timpson နဲ့ သူ့သမီး အတွက် အဆင်မပြေမှုတွေ ဖြစ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်” ပြန်လည်ဖြေရှင်း ပြောကြားလိုက်ပါတယ်။

 


17 Dec 2017     1,257 Views




RELATED

Most Popular of Special or Others

Most Popular of NEWS