BEC-TERO TV

ကမ္ဘာ့ဒုတိယဈေးအကြီးဆုံး ကစားသမားဖြစ်လာခဲ့သည့် ကော်တင်ညို

09 Jan 2018     1,299 Views


လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းကို ပေါင်(၁၄၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်ကစားသ မားကော်တင်ညိုဟာ ဘောလုံးသမိုင်းမှာတော့ နေမာရဲ့နောက် ဒုတိယဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့ပါ တယ်။ဘာစီလိုနာအသင်းဟာ ကော်တင်ညိုကို ယခုနှစ်ရာသီအစကတည်းက ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် လီဗာပူးလ်အသင်းက ရောင်းချဖို့ငြင်းဆန်ခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ကော်တင် ညိုကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့စိတ်အားထက်သန်ခဲ့ပြီး လီဗာပူးလ်အသင်းထံ အသင်းပြောင်းခွင့်တောင်းခဲ့ပေမယ့် လီဗာပူးလ်အသင်းက ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုအားလုံးကို ပယ်ချခဲ့တာဖြစ်ပါတယ်။ ယခုဇန်န၀ါရီအပြောင်းအရွှေ့မှာတော့ ဘာစီလိုနာအသင်းက ကော်တင်ညိုကို ခေါ်ယူ ဖို့ထပ်မံကမ်းလှမ်းခဲ့ပြီး ယခုတစ်ကြိမ်မှာတော့ လီဗာပူးလ်အသင်းက ရောင်းချဖို့ဆုံးဖြတ်ခဲ့ပါတယ်။
 
 
ဘာစီလိုနာ အသင်းဟာကော်တင်ညိုအတွက်ပြောင်းရွှေ့ကြေး ပေါင်(၁၄၂)သန်းထိပေးချေခဲ့ရပြီး ဘာစီလိုနာသမိုင်းမှာ စံချိန်တင်အပြောင်းအရွှေ့အဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ သတင်းတွေအရ ကနဦးပေါင်(၁၂၀)ပေးချေရမှာ ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်ကာ ထပ်မံပေးချေရမယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာကော် တင်ညိုကို (၅)နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင်(၃၅၅)သန်းပါအချက်အလက်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ ရာသီအစက နေမာကို ပေါင်သန်း(၂၀၀)နဲ့ PSG အသင်းထံရောင်းချခဲ့ပြီး သူ့နေရာ မှာ ဘာစီလိုနာအသင်းက ကြယ်ပွင့်ကစားသမားတွေနဲ့ အစားထိုးနေတာဖြစ်ပါတယ်။
 
 
ပြီးခဲ့တဲ့နွေရာသီအပြောင်း အရွှေ့ကလည်း ဒေါ့မွန်မှ ဒမ်ဘီလီကို ပေါင်(၁၃၆)သန်းနဲ့ခေါ်ယူခဲ့ပြီး ယခုအခါမှာလည်း ကော်တင်ညိုကို ထပ်မံခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုနှစ်မှာ ဒမ်ဘီလီနဲ့ ကော်တင်ညိုတို့ကို ခေါ်ယူတာ အပါအ၀င်အပြောင်းအရွှေ့အသုံးစရိတ် ယူရို(၃၁၂.၅)သန်းထိအသုံးပြုထားပြီးဖြစ်ပါတယ်။ ယခုလိုအသုံးပြုထား မှုဟာ (၂၀၀၉-၁၀)ရာသီက ရီးယဲယ်မက်ဒရစ်အသင်းရဲ့ ဥက္ကဋ္ဌပီရက် လက်ထက်သွေးသစ်လောင်းချိန်ကထက် အပြောင်းအရွှေ့အသုံးစရိတ်ပိုမိုများပြားနေပါတယ်။ (၂၀၀၉-၁၀)ရာသီက ရီးယဲယ်မက်ဒရစ်အသင်းဟာ စီရော်နယ်ဒို၊ ကာကာ၊ ဘန်ဇီးမားတို့အပါအ၀င် ကစားသမားခေါ်ယူမှုအတွက် ယူရို(၂၇၅.၄)သန်းအသုံးပြုခဲ့တာ ဖြစ်ပါတယ်။
 

09 Jan 2018     1,299 Views




RELATED

Most Popular of Football

Most Popular of Sport