BEC-TERO TV

မိန်းမနဲ့ ပတ်သက်ပြီး အရမ်းပျော်နေတဲ့ မြင့်မြတ်

17 Jan 2018     1,358 Views


သရုပ်ဆောင် မြင့်မြတ်တယောက်တော့ အရမ်းကိုပျော်နေပါတယ်တဲ့ ။ သူ့ရဲ့ ချစ်ဇနီးလေးက ကိုယ်ဝန် ၂ လ ရှိနေပြီလို့လဲ သိရပါတယ် ။

“အရင်တုန်းကဆိုရင် ကျွန်တော့်ကို ကလေးမရသေးဘူးလား မေးကြပါတယ်။ လောလောဆယ်တော့ (၂) လရှိပါပြီ။ ကလေးက အခုမှ နှလုံးစခုန်ခါစပဲ ရှိနေပါသေးတယ်။ ယောကျားင်္လေးလား ၊ မိန်းကလေးလားတော့ မသိသေးဘူး ။ အရမ်းပျော်တယ်။ ပြောပြရင်တော့ ပေါ့သွားမယ်။ ကိုယ်လည်း ကြုံမှပဲ ပိုသိရမှာပါ။

ကျွန်တော်ကတော့ ယောကျားင်္လေး လိုချင်တာ။ သား ၊ သမီး ဆိုတော့လည်း ဘာပဲရရပါ။ လောလောဆယ်တော့ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းပဲ မိခင်ကို ဂရုစိုက်နေရတာပေါ့ ။ သူကကြတော့ မိန်းကလေးလိုချင်တာ ၊ ကျွန်တော်ကကြတော့ ယောကျားင်္လေးလိုချင်တာဗျ။ မတူဘူးပေါ့နော်။ ဒါပေမယ့် ကိုယ့် သား၊ သမီးဖြစ်လာမှာဆိုတာ့ ဘာပဲဖြစ်ဖြစ် ချစ်ရမှာပါပဲ ။ လောလောဆယ်တော့ အရမ်းပျော်တယ် ။ ကိုယ့်မိဘတွေကိုလည်း ပိုပြီးတော့ ကျေးဇူးတင်မိတယ်။

အဓိကကတော့ လူ့လောကထဲကို ရောက်လာတော့မှ သားသမီးကို ဂရုစိုက်ရမှာပေါ့ ။ ကျွန်တော်တို့ လင်မယားနှစ်ယောက် စဉ်းစား ၊ တိုင်ပင်ထားတာကတော့ နှစ်ယောက်ယူဖို့ပါ ။ ယောကျားင်္လေး တစ်ယောက် ၊ မိန်းကလေးတစ်ယောက် ယူဖို့များတယ်။

 ကျွန်တော်တို့ သရုပ်ဆောင်ရတာတော့ ကာရိုက်တာကိုသရုပ်ဆောင်ရတာလေ။ အပြင်မှာတော့မတူပါဘူး။ ပရိသတ်တွေကလည်း ရစေချင်ကြတယ်လေ။ သူတို့ဆန္ဒရှိတဲ့အတိုင်း ရင်သွေးလေးရပြီ လို့ပြောချင်ပါတယ်။ သိတာကတော့ နေမကောင်းအရမ်းဖြစ်တဲ့အချိန် ဆရာဝန်ပင့်ပြီးပြတော့မှ သိရတာ ” ဆိုပြီး ပြောထားပါတယ် ။

Credit: Myanmar celebrity 


17 Jan 2018     1,358 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment